၂၁-၅-၂၀၁၇ ၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၇ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ နေထိုင်သော တိုက်အမှတ် (၂၃၈၆)၊ (၂၃၈၇)၊ (၂၃၈၈)၊ (၈၁၇)၊ (၈၁၈)၊ (၂၇၄)၊ (၂၇၅)၊ သဇင်(၃)၊ အဆောင် (၈) နှင့်အဆောင် (၁၀) များသို့ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုကာ ဝန်ထမ်းများ၏ အိမ်ရာများတွင် နေထိုင်မှုအခြေအနေ၊ ကြံ့ခိုင်မှုနှင့်မိုးမကျမီပြုပြင်ရန် လိုအပ်ချက်များ၊ ကျောင်းဖွင့်အမီကလေးများအတွက် လိုအပ်ချက်များကို တွေ့ဆုံမေးမြန်းကာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။