အင်္ဂပူမြို့နယ်၊ ကျေးရွာအုပ်စု ၅ စု၊ ကျေးရွာခွဲ ၈ ရွာမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

21_pic01
အင်္ဂပူမြို့နယ်၊ ကျေးရွာအုပ်စု (၅) စု၊ ကျေးရွာခွဲ (၈) ရွာ၌ (၁၉- ၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် လူနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး ၂ အိမ်ထောင်စာ၊ အမိုးလန်ခဲ့သည့် အိမ်ခြေ (၁၆) လုံးမှ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း ့ ၄ မျိုး ၁၆ အိမ်ထောင်စာတို့ကို ဟင်္သာတခရိုင်ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၇) ရက်နေ့တွင် အင်္ဂပူမြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ဟင်္သတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events