ဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စုရှိ ကျေးရွာ (၈) ရွာနေ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

23_pic01
ဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စုရှိ ကျေးရွာ (၈) ရွာ၌ (၂၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် အိမ်ခြေ (၁၆) လုံးအတွက် ပလတ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၆) အိမ်ထောင်စာကိုလည်းကောင်း၊ အမိုးလန်ခဲ့သည့်အိမ်ခြေ (၈၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၈၆) အိမ်ထောင်စာကိုလည်းကောင်း ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကယ်ဆယ်ရေး) မှ ခရိုင်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၇) ရက်နေ့တွင် လေဘေးဖြစ်ပွားရာ ကိုင်းချောင်းအုပ်စု၊ ကိုင်းချောင်းကျေးရွာရှိ ဓမ္မလင်္ကာရဝါးတောကျောင်းတွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events