
ဟင်္သာတမြို့နယ်၊ လယ်တီအုပ်စု၌ (၂၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့်အိမ်ခြေ (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အမိုးလန်ခဲ့သည့်အိမ်ခြေ (၂၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကယ်ဆယ်ရေး) မှ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)