ကျောက်မဲမြို့နယ်၊ ကွန်ကော်ကျေးရွာအုပ်စု၊ တော့ဖဲကျေးရွာမှ ရပ်ကွက် (၈) ဓမ္မာရုံသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

21_pic01
(၂၀-၅-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ကွန်ကော်ကျေးရွာအုပ်စု၊ တော့ဖဲကျေးရွာမှ ရပ်ကွက် (၈) ဓမ္မာရုံသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၈) စုမှ လူဦးရေ (၉၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၂၈) စုစာနှင့် ဆန် (၇) ရက်စာ (၁၉၉၅၀၀) ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events