Author Archives: Thandar Aung

  • အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

    –    ၂၀၁၇ ခုနှစ်၊ မေလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သည့် မုန်တိုင်းသတိပေးချက်အမှတ်စဉ် (၀၅)၊ ၂၀၁ရအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ’’ Moraသည် မြောက်ဘက်သို့ ရွှေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက်ဘက်မိုင် (၁၉၅) ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက်မိုင် (၁၈၀) ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက်မိုင် (၁၇၀) ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်- အနောက်တောင်ဘက် မိုင် (၂၉၀) ခန့်အကွာ ပင်လယ်ပြင်ကို … Read more

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (မွမ်းမံ) သင်တန်း ဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) ရက်နေ့တွင် ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်း” ကို ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့  သင်တန်းသား (၅၀) ဦး တက်ရောက်ခဲ့ပြီး (၂၄-၅-၂၀၁၇) မှ (၂၆-၅ ၂၀၁၇) ထိ (၃) ရက်တာ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကလေးမြို့နယ်၊ စခန်းကြီးကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ စခန်းကြီးကျေးရွာ၌ (၂၆-၅-၂၀၁၇) ရက်နေ့ (၂၃းဝ၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး ပြိုကျခဲ့ပြီး နေအိမ် (၄) လုံး အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါပြိုကျအိမ်နှင့်အမိုးလန်နေအိမ်များမှ ဘေးသင့်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးစီနှင့် ထောက်ပံ့ငွေစုစုပေါင်း (၂၁၀၀၀၀) ကျပ်အား (၂၉-၅-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကလေးဒုမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ထေက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၀၄)၊၂၀၁၇

    ၁။            ၂၀၁၇ ခုနှစ်၊ မေလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း “မိုရာ”(Mora) အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်ဘက်မိုင် (၁၉၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၂၂၀)ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၂၀၀)ခန့်၊ … Read more

  • ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ “တိုင်းဒေသကြီးအဆင့်ဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း

    (၂၃-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ “တိုင်းဒေသကြီးအဆင့်ဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ” အား ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်မှ တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြား၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ခရိုင် (၆) မှ ဒုတိယခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးများ၊ ပြည်တွင်း/ပြည်ပ လူမှုရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲအား နံနက် (၀၉းဝ၀) နာရီမှ ညနေ … Read more

Sign Up

Upcoming Events