Author Archives: Thandar Aung
-
ရေစကြိုမြို့ နယ်၊ ဆင်ခြေယာကျေးရွာအုပ်စု၊ ဇရပ်နီကျေးရွာမှ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့ နယ်၊ ဆင်ခြေယာကျေးရွာအုပ်စု၊ ဇရပ်နီကျေးရွာ၌ (၃-၇-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုဘေးဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၃၆၀၀) ကျပ် စုစုပေါင်း(၃၃၃၆၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား (၅-၇-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၉.၆.၂၀၁၇) ရက်နေ့တွင်ကျောက်တော်မြိို့နယ်၊ ရွှေလှိုင်ကျေးရွာ မီးဘေးသင့်ခဲ့ သောအိမ်ခြေ(သွပ်မိုး ဝါးကာ) (၁)လုုံး အိမ်ထောင်စု(၁)စု လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး အိမ်ထောင်စု (၁)စုစာ ဆန်ရိက္ခာ (၇)ရက်စာဖိုး (၈၄၀၀)နှင့် အိမ်ဆောက်ပစ္စည်း ဖိုး(၁၀၀၀၀၀)အား (၃၀.၆.၂၀၁၇) ရက်နေ့တွင် ကျောက််တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့လွှဲပြောင်းထောက်ပ့ံ ခဲ့ကြောင်း သတင်းရရှိပါသည်။Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ သူဌေးကုန်းကျေးရွာနှင့် မာန်မြေကျေးရွာတို့မှ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၄-၇-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ သူဌေးကုန်းကျေးရွာနှင့် မာန်မြေကျေးရွာတို့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည့် အိ်မ်ခြေ (၄၄) လုံး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းဖိုး (၄၄၀၀၀၀၀) ကျပ်၊ လူဦးရေ(၁၉၉) ဦးအတွက် ဆန်(၇)ရက်စာ (၄၁၇၉၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၇)မျိုး (၄၄)အိမ်ထောင်စုစာတို့ကို မြို့နယ်ထွေ/အုပ်သို့ သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်သောအဖွဲ့နှင့် အဖွဲ့အစည်းများမှ သီးခြားစီ လာရောက်တွေ့ဆုံ
၅-၇-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ယနေ့နေ့လည်ပိုင်းတွင် ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်သောအဖွဲ့က အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး – UNHCR နှင့် သဘောတူညီမှုစာလွှာ ရေးထိုးဆောင်ရွက်မှု အခြေအနေများ၊ မကြာမီက ဖြစ်ပွား ခဲ့သော ဆိုင်ကလုန်းမိုရာအတွက် ပူးတွဲဆန်းစစ်ချက်လုပ်ငန်းများတွင် UNHCR မှ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများ၊ UNHCR အနေဖြင့် ဆိုင်ကလုန်းမိုရာအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို … Read more
-
ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆ်ိုင်ရာ စီမံခန့့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
(၄-၇-၂၀၁၇) ရက်နေ့၊ (၁၄းဝ၀) နာရီအချိန်တွင် ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆ်ိုင်ရာစီမံခန့့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းအဆင့်ဌာနဆိုင်ရာများမှ တက်ရောက်၍ ရေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ပါကြောင်း တင်ပြအပ်ပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
အမျိုးသမီးများ၏ အခွင့်အရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေး နိုင်ငံတော်အစိုးရ၊ အမျိုးသမီးဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူ့အားကို ပေါင်းစပ်၍ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား
နေပြည်တော်၊ ၃-၇-၂၀၁၇ မြန်မာနို်င်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၃-၇-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တွင် ကျင်းပပြုလုပ်သည့် (၁၄) ကြိမ်မြောက် ထူးချွန်အမျိုးသမီးများဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂသဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် ပါဝင်လက်မှတ်ရေး ထိုးခဲ့ပါကြောင်း၊ အမျိုးသမီးများ၏အခွင့်အရေးရရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ခွဲခြားဆက်ဆံခံရမှုနှင့် အကြမ်းဖက်ခံရမှု မရှိစေရေးကို နိုင်ငံတော်ကတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို … Read more
-
ထိုင်းနိုင်ငံမှရွှေ့ပြောင်းလုပ်သားများမြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်လာမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထိုင်းနိုင်ငံအတွင်း အလုပ်သွား ရောက် လုပ်ကိုင်နေကြသည့် အထောက်အထား မပြည့် မစုံသည့် မြန်မာအလုပ်သမားများနှင့် အထောက်အထားလုံးဝ မရှိသည့် မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံ အတွင်း ဖမ်းဆီးလျက်ရှိသည့် အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတဆင့် မြဝတီမြို့ (၉၉၉) ဂိတ်နှင့် ပြန်လည်ကြိုဆိုလက်ခံရေးစခန်းသို့ (၂၉.၆.၂၀၁၇) နေ့မှ (၂.၇.၂၀၁၇) အထိ အသီးသီးဝင်ရောက်ခဲ့ရာ ကျား (၉၈၇၄) ဦး၊ မ (၅၈၃၀) ဦး၊ ပေါင်း (၁၅၇၀၄) ဦးရှိပြီး ဆက်လက်ဝင် ရောက်နေဆဲ … Read more
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ “ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ” အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ (၃၀-၆-၂၀၁၇) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် (IOM) အဖွဲ့အစည်းတို့ပူးပေါင်း၍ “ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ” အခမ်းအနားကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုရေးဝန်ကြီးမှ အဖွင့်မိန့်ခွန်းပြောကြားပြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန(ရုံးချုပ်) အရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာနမှ ဌာနကြီးမှူး ဦးဝင်းထိန်းကျော်မှ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ််သက်၍ ရှင်းလင်းပြောကြားခြင်း၊ IOM အဖွဲ့အစည်းမှ တာဝန်ရှိသူ Dedy Alfian မှ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရခိုင်ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှု … Read more
-
ရေဖြူ အထက၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
(၃၀-၆-၂၀၁၇) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ရေဖြူ အထက၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၃၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။ ဟောပြောပွဲတက်ရောက်သူများထံ သဘာဝဘေးအသိပညာပေး ဗီနိုင်းပိုစတာများ၊ လက်ကမ်းစာစောင်များ၊ ဗလာစာအုပ်များနှင့် ဘောပင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရေဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အစည်းအဝေး၌ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောမှုသတင်း
(၃၀-၆-၂၀၁၇) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ရေဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အစည်းအဝေး၌ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ စုစုပေါင်း (၁၀၀) ဦးအား သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
