
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ (၃၀-၆-၂၀၁၇) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် (IOM) အဖွဲ့အစည်းတို့ပူးပေါင်း၍ “ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ” အခမ်းအနားကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုရေးဝန်ကြီးမှ အဖွင့်မိန့်ခွန်းပြောကြားပြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန(ရုံးချုပ်) အရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာနမှ ဌာနကြီးမှူး ဦးဝင်းထိန်းကျော်မှ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ််သက်၍ ရှင်းလင်းပြောကြားခြင်း၊ IOM အဖွဲ့အစည်းမှ တာဝန်ရှိသူ Dedy Alfian မှ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရခိုင်ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဌများ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား (၃၀-၆-၂၀၁၇) ရက်နေ့မှ (၁-၇-၂၀၁၇) ရက်နေ့ထိ (၂) ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)