Author Archives: Thandar Aung
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊နေပြည်တော်မှတာဝန်ရှိသူများသည် (၂၅-၇-၂၀၁၇)နေ့တွင်တပ်ကုန်းမြို့နယ်၊သပြေချောင်း (အ.လ.က) ကျောင်းသို့သွားရောက်၍ ကျောင်းသား ကျောင်းသူ (၂၀၀) ဦးတို့အားသဘာဝဘေး လျော့ပါးရေးဆောင်ရန်ရှောင်ရန်အချက်များ အားဟော ပြောခဲ့ပြီးမိုးကြိုးဘေး၊မီးဘေး၊ငလျင်ဘေးတို့ကြုံတွေ့ရပါကမည်သို့တုံံ့ပြန်ရမည်များကိုသရုပ်ပြရှင်းလင်းခဲ့ပြီးလက်တွေ့လုပ်ဆောင်သရုပ်ပြခဲ့ရာကျောင်းသားကျောင်းသူများစိတ်ပါဝင်စားစွာတက်ရောက်နားထောင်ခဲ့ကြပြီးဗလာစာအုပ်၊ဘောလ်ပင်၊လက်ကမ်းစာစောင်၊ဗွီနိုင်းပိုစတာများဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးများမှ ဘေးသင့်ပြည်သူ များ အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများ သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ရေဘေး၊ လေဘေး၊ ကမ်းပြို ဘေးများအတွက် နေအိမ်ရွှေ့ပြောင်းသူများ၊ နေအိမ်ပျက်စီးသူများ၊ ရေဘေးရှောင်ယာယီကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းရံပုံငွေနှင့် ဆန်ရိက္ခာ(၇) ရက်စာအတွက် ရံပုံငွေများကို သက်ဆိုင်ရာဒေသအသီးသီးသို့ (၂၄-၇-၂၀၁၇)ရက်နေ့ တွင် ကွင်းဆင်း ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပါသည်။ – ငါးသိုင်းချောင်းရေဘေးရှောင်စခန်း(၁)ခု၊ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရံပုံငွေ(၂၉၄၀၀ိ/-) ငါးသိုင်းချောင်းမြို့ ငဝန်တာရေကင်းတဲများဆောက်လုပ်ရန်အတွက် (၄၀၄၀၀၀၀ိ/-) – ဓနုဖြူမြို့နယ်ရေဘေးရှောင်စခန်း(၈)ခု၊ … Read more
-
ရေနံချောင်းမြိ့ုနယ်မှရေဘေးရှောင်ပြည်သူများအားထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှတာဝန်ရှိသူများသည်မကွေးခရိုင်၊ရေနံချောင်း မြိ့ုနယ်မှရေဘေးရှောင်အိမ်ထောင်စု (၄၈၃)စု၊လူဦးရေ (၁၅၇၃) ဦးတို့အတွက် ဆန်(၇) ရက်စာဖိုး (၃၃၀၃၃၀/) ကိုမြိ့ုနယ်ထွေအုပ်ရုံးတွင်(၂၄.၇.၁၇)ရက်နေ့ကထောက်ပ့ံခဲ့ ကြောင်းသတင်းရရှိပါသည်။Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းခရီးစဉ်တွင် ပြည်ခရိုင်၊ ပြည်မြို့နယ် ရွှေတောင်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့တွင် (၁၂-၇-၂၀၁၇)ရက်နေ့မှ (၂၂-၇-၂၀၁၇)ရက်နေ့ အထိဖြစ်ပွားခဲ့သည့် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်နစ်မြုပ်နေအိမ်များမှ ယာယီပြောင်းရွှေ့ ခဲ့သည့် အိ်မ်ထောင်စု (၁၆၉၀) စု လူဦးရေ (၆၃၀၅) ဦး တို့အတွက် ဆန် (၇) ရက်စာ (၂၁၀၀) နှုန်းဖြင့် ထောက်ပံ့ငွေ (၁၃၂၄၀၅၀၀) အား ၊ (၂၃-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊နေပြည်တော်မှတာဝန်ရှိသူများသည် (၂၄-၇-၂၀၁၇)နေ့တွင်ဇေယျာသီရိမြို့နယ်၊ကျောက်ချပ်(အ.ထ.ကခွဲ) ကျောင်းသို့သွားရောက်၍ ကျောင်းသား ကျောင်းသူ (၄၅၁) ဦးတို့အားသဘာဝဘေး လျော့ပားရေးဆောင်ရန်ရှောင်ရန် အချက်များအား ဟောပြောခဲ့ပြီးမိုးကြိုးဘေး၊မီးဘေး၊ငလျင်ဘေးတို့ကြုံတွေ့ရပါကမည်သို့တုံံ့ပြန်ရမည်များကိုသရုပ်ပြရှင်းလင်းခဲ့ပြီးလက်တွေ့လုပ်ဆောင်သရုပ်ပြခဲ့ရာကျောင်းသားကျောင်းသူများစိတ်ပါဝင်စားစွာတက်ရောက်နားထောင်ခဲ့ကြပြီးဗလာစာအုပ်၊ဘောလ်ပင်၊လက်ကမ်းစာစောင်၊ဗွီနိုင်းပိုစတာများဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၃.၇.၂၀၁၇) ရက်နေ့တွင် မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာအုပ်စု၊ တမလိုကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး နေအိမ် (၄)လုံး၊ အိမ်ထောင်စု(၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး ၊ အမိုးလန်နှင့် တစိတ်တပိုင်းနေအိမ် (၁ဝ)လုံး၊ အိမ်ထောင်စု (၁ဝ) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁ဝ)မျိုး နှင့် စုစုပေါင်း အိမ်ထောင်စု (၁၄) စုစာအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၄ဝဝဝဝဝ/-)၊ လူဦးရေ (၆၈ )ဦး အတွက် ဆန်ရိက္ခာဖိုး(၁၄၂၈ဝဝ/-)၊ စုစုပေါင်း … Read more
-
ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ၂၀၁ရခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် သံတွဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းဒေသများသို့ ချောင်းရေများဝင်ရောက်လာပြီး သံတွဲမြို့နယ်အတွင်းရှိ အမှတ် (၁၊၂၊၄၊၇)ရပ်ကွက်နှင့် အံတော်ကျေးရွာတို့ရှိ ရေဘေးဒုက္ခသည်များအား ဆန်ရိက္ခာဖိုးထောက်ပံ့ခြင်း ပြောင်းရွှေ့အိမ်ထောင်စု(၁၀၃)စု၊လူဦးရေ(၃၆၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၇၇၄၉၀၀ိ/-)ကျပ်အား (၂၄-၇-၂၀၁၇)နေ့တွင် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သံတွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ထောက်ပံ့ပြီးစီးပါကြောင်း သတင်းရရှိပါသည်။Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မြောင်းမြခရိုင်၊ လေးအိမ်တန်းကျေးရွာနှင့် တဲ့တဲ့ကူးကျေးရွာတို့မှ လေဘေးသင့်ပြည်သုူများအတွက် ထောက်ပံ့မှုသတင်း
(၂၂-၇-၂၀၁၇) ရက်နေ့တွင် မြောင်းမြခရိုင်၊ လေးအိမ်တန်းကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုလန်ခဲ့သည့် နေအိမ် (၂) လုံးနှင့် ပြိုကျနေအိမ် (၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန် (၇) ရက်စာ၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၀၅၀၀) ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ တဲ့တဲ့ကူးကျေးရွာ သာသနာပိုင်အဆောက်အဦးအမိုလန်ခြင်းအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်တိတိတို့အား မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၄-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သိန္နီမြို့နယ်၊ ခမ်းတိမ်းကျေးရွာအုပ်စု၊ ကုန်းမုန်းကျေးရွာမှ နမ္မတူချောင်းအတွင်းသို့ ရေမျှောပါသေဆုံးခဲ့သူတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
သိန္နီမြို့နယ်၊ ခမ်းတိမ်းကျေးရွာအုပ်စု၊ ကုန်းမုန်းကျေးရွာနေ ဦးဆန်လူ (ခ) ဦးအိုက်မောင် အသက် (၅၈) နှစ် (ဘ) ဦးစိန္တာ ကျေးရွာအုပ်ချုပ်ရေးမှူးသည် (၂၂-၇-၂၀၁၇) ရက်နေ့တွင် ဥယျာဉ်မှူးကျေးရွာအုပ်စု၊ ကွန်ခန်ကျေးရွာမှ နမ္မတူချောင်းအား ဖြတ်ကူး၍ ကုန်းမုန်းကျေးရွာသို့ ပြန်လာစဉ် နမ္မတူချောင်းအတွင်းသို့ ရေမျှောပါသေဆုံးခဲ့ပါသည်။ အဆိုပါသေဆုံးသူတစ်ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ်အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှကေသီမာသည် (၂၂-၇-၂၀၁၇) ရက်နေ့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ကျိုက်ထိုမြို့ ခရီးစဉ် လိုက်ပါခဲ့ပြီး ရေဘေး ရှောင်စခန်း (၆)ခုရှိ အိမ်ခြေ(၆၅၇) အိမ်ထောင်စု (၆၅၉) လူဦးရေ(၂၉၃၀) ဦး ရှိပြည်သူများအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၆၁၅၃၀၀၀) အားကနဦး ထောက်ပံ့မှု ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source:သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
