လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊နေပြည်တော်မှတာဝန်ရှိသူများသည် (၂၄-၇-၂၀၁၇)နေ့တွင်ဇေယျာသီရိမြို့နယ်၊ကျောက်ချပ်(အ.ထ.ကခွဲ) ကျောင်းသို့သွားရောက်၍ ကျောင်းသား ကျောင်းသူ (၄၅၁) ဦးတို့အားသဘာဝဘေး လျော့ပားရေးဆောင်ရန်ရှောင်ရန် အချက်များအား ဟောပြောခဲ့ပြီးမိုးကြိုးဘေး၊မီးဘေး၊ငလျင်ဘေးတို့ကြုံတွေ့ရပါကမည်သို့တုံံ့ပြန်ရမည်များကိုသရုပ်ပြရှင်းလင်းခဲ့ပြီးလက်တွေ့လုပ်ဆောင်သရုပ်ပြခဲ့ရာကျောင်းသားကျောင်းသူများစိတ်ပါဝင်စားစွာတက်ရောက်နားထောင်ခဲ့ကြပြီးဗလာစာအုပ်၊ဘောလ်ပင်၊လက်ကမ်းစာစောင်၊ဗွီနိုင်းပိုစတာများဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)