လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊နေပြည်တော်မှတာဝန်ရှိသူများသည် (၂၅-၇-၂၀၁၇)နေ့တွင်တပ်ကုန်းမြို့နယ်၊သပြေချောင်း (အ.လ.က) ကျောင်းသို့သွားရောက်၍ ကျောင်းသား ကျောင်းသူ (၂၀၀) ဦးတို့အားသဘာဝဘေး လျော့ပါးရေးဆောင်ရန်ရှောင်ရန်အချက်များ အားဟော ပြောခဲ့ပြီးမိုးကြိုးဘေး၊မီးဘေး၊ငလျင်ဘေးတို့ကြုံတွေ့ရပါကမည်သို့တုံံ့ပြန်ရမည်များကိုသရုပ်ပြရှင်းလင်းခဲ့ပြီးလက်တွေ့လုပ်ဆောင်သရုပ်ပြခဲ့ရာကျောင်းသားကျောင်းသူများစိတ်ပါဝင်စားစွာတက်ရောက်နားထောင်ခဲ့ကြပြီးဗလာစာအုပ်၊ဘောလ်ပင်၊လက်ကမ်းစာစောင်၊ဗွီနိုင်းပိုစတာများဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)