ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၃.၇.၂၀၁၇) ရက်နေ့တွင် မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာအုပ်စု၊ တမလိုကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး နေအိမ် (၄)လုံး၊ အိမ်ထောင်စု(၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး ၊ အမိုးလန်နှင့် တစိတ်တပိုင်းနေအိမ် (၁ဝ)လုံး၊ အိမ်ထောင်စု (၁ဝ) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁ဝ)မျိုး နှင့် စုစုပေါင်း အိမ်ထောင်စု (၁၄) စုစာအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၄ဝဝဝဝဝ/-)၊ လူဦးရေ (၆၈ )ဦး အတွက် ဆန်ရိက္ခာဖိုး(၁၄၂၈ဝဝ/-)၊ စုစုပေါင်း ရန်ပုံငွေ(၁၅၄၂၈ဝဝ/-)တိတိ အား (၂၄.၇.၂ဝ၁၇)ရက်နေ့တွင်သွားရောက်ထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။Source: မအူပင်ရိုင်ဦးစီးမှူးရုံး (ကဆရ)