ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ၂၀၁ရခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် သံတွဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းဒေသများသို့ ချောင်းရေများဝင်ရောက်လာပြီး သံတွဲမြို့နယ်အတွင်းရှိ အမှတ် (၁၊၂၊၄၊၇)ရပ်ကွက်နှင့် အံတော်ကျေးရွာတို့ရှိ ရေဘေးဒုက္ခသည်များအား ဆန်ရိက္ခာဖိုးထောက်ပံ့ခြင်း ပြောင်းရွှေ့အိမ်ထောင်စု(၁၀၃)စု၊လူဦးရေ(၃၆၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၇၇၄၉၀၀ိ/-)ကျပ်အား (၂၄-၇-၂၀၁၇)နေ့တွင် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သံတွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ထောက်ပံ့ပြီးစီးပါကြောင်း သတင်းရရှိပါသည်။Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)