သိန္နီမြို့နယ်၊ ခမ်းတိမ်းကျေးရွာအုပ်စု၊ ကုန်းမုန်းကျေးရွာနေ ဦးဆန်လူ (ခ) ဦးအိုက်မောင် အသက် (၅၈) နှစ် (ဘ) ဦးစိန္တာ ကျေးရွာအုပ်ချုပ်ရေးမှူးသည် (၂၂-၇-၂၀၁၇) ရက်နေ့တွင် ဥယျာဉ်မှူးကျေးရွာအုပ်စု၊ ကွန်ခန်ကျေးရွာမှ နမ္မတူချောင်းအား ဖြတ်ကူး၍ ကုန်းမုန်းကျေးရွာသို့ ပြန်လာစဉ် နမ္မတူချောင်းအတွင်းသို့ ရေမျှောပါသေဆုံးခဲ့ပါသည်။ အဆိုပါသေဆုံးသူတစ်ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ်အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)