Author Archives: Thandar Aung

  • ရေဘေးဇာတ်တိုက်လေ့ကျင့်မှုတွင် ရေဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်း

    ကလေးခရိုင်/ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲကော်မတီမှ ဦးဆောင်၍ ပြုလုပ်သော ရေဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ကလေးမြို့နယ်၊ ကံပုလဲကျေးရွာအခြေခံပညာကျောင်း၌ (၂၉-၇-၂၀၁၇) ရက်နေ့၊ နံနက် (၈းဝ၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဖြစ်သော ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။ အဆိုပါရေဘေးဇာတ်တိုက်လေ့ကျင်းခန်းသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးရွာသူ/သားများ စုစုပေါင်းအင်းအား (၄၀၀) ကျော်တက်ရောက်ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • အင်္ဂပူမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းအုပ်စု လက်ျားကုန်းရွာ၊ ကံဘတ်အုပ်စု ကညင်ဆိပ်ရွာ၊ စစ််ကုန်းအုပ်စု ရွာ ၃ ရွာနှင့် ခွေးတောက်ချောင်းအုပ်စု နံကပ်ကြီးရွာတို့၌ (၂၂-၇-၂၀၁၇) မှ (၂၇-၇-၂၀၁၇) နေ့ထိ ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ခြေ (၄၈) လုံး၊ အိမ်ထောင်စု (၄၈) စု၊ လူဦးရေ (၁၈၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၄၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၈၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၈၀၁၀၀) ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅၁၈၀၁၀၀) ကျပ်တို့ကို … Read more

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့၌ မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို (၂၈-၇-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းများမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၈၀) ခန့်တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ်ဦးစီးမှူး (ကယ်ဆယ်ရေး) မှ ဦးဆောင်ဟောပြောဆွေးနွေးခြင်းနှင့် တက်ရောက်လာသူများမှ အဖွဲ့လိုက်ဆွေးနွေးခြင်း၊ အပြန်အလှန်သုံးသပ်ဆွေးနွေးခြင်းများ ဆောက်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • မန်တုံမြို့နယ်၊ မန်မောက်ကျေးရွာမှ ဒဏ်ရာရပြည်သူ (၂) ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    (၂၀-၇-၂၀၁၇) ရက်နေ့တွင် မန်တုံမြို့နယ်၊ မန်မောက်ကျေးရွာ၌ TNLA သကလတစ်ဖွဲ့လျှင် (၄၀) ဦးခန့်ပါ (၂)ဖွဲ့နှင့် မန်တုံအခြေစိုက် နဗဟ (၃) လက်အောက်ခံ (စမရ-၅၀၄)နှင့် ခလရ (၁၇) စစ်ကြောင်းများ ထိတွေ့မှုကြောင့် မန်မောက်ကျေးရွာမှ ဒေါ်အေးဟိန်း အသက် (၃၀) နှစ် (ဘ)ဦးပေါ်ဟိန်း ကျည်ဆံထိမှန်နှင့် ဒေါ်မယ်အိဂန် အသက် (၅၀) နှစ် (ဘ)ဦးထန်းမောင် လက်နက်ကြီးထိမှန်တို့ (၂) ဦးဒဏ်ရာရရှိခဲ့ပြီး လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိရာ အဆိုပါဒဏ်ရာရပြည်သူ (၂) ဦးအတွက် (၁) … Read more

Sign Up

Upcoming Events