
အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းအုပ်စု လက်ျားကုန်းရွာ၊ ကံဘတ်အုပ်စု ကညင်ဆိပ်ရွာ၊ စစ််ကုန်းအုပ်စု ရွာ ၃ ရွာနှင့် ခွေးတောက်ချောင်းအုပ်စု နံကပ်ကြီးရွာတို့၌ (၂၂-၇-၂၀၁၇) မှ (၂၇-၇-၂၀၁၇) နေ့ထိ ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ခြေ (၄၈) လုံး၊ အိမ်ထောင်စု (၄၈) စု၊ လူဦးရေ (၁၈၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၄၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၈၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၈၀၁၀၀) ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅၁၈၀၁၀၀) ကျပ်တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)