ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့၌ မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

29_pic01

29_pic02

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို (၂၈-၇-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းများမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၈၀) ခန့်တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ်ဦးစီးမှူး (ကယ်ဆယ်ရေး) မှ ဦးဆောင်ဟောပြောဆွေးနွေးခြင်းနှင့် တက်ရောက်လာသူများမှ အဖွဲ့လိုက်ဆွေးနွေးခြင်း၊ အပြန်အလှန်သုံးသပ်ဆွေးနွေးခြင်းများ ဆောက်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events