ရေဘေးဇာတ်တိုက်လေ့ကျင့်မှုတွင် ရေဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်း

29_pic01

29_pic02
ကလေးခရိုင်/ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲကော်မတီမှ ဦးဆောင်၍ ပြုလုပ်သော ရေဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ကလေးမြို့နယ်၊ ကံပုလဲကျေးရွာအခြေခံပညာကျောင်း၌ (၂၉-၇-၂၀၁၇) ရက်နေ့၊ နံနက် (၈းဝ၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဖြစ်သော ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။ အဆိုပါရေဘေးဇာတ်တိုက်လေ့ကျင်းခန်းသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးရွာသူ/သားများ စုစုပေါင်းအင်းအား (၄၀၀) ကျော်တက်ရောက်ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events