Author Archives: Thandar Aung
-
ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည်ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့့်ထောက်ပံ့ရန်ကျန်ရှိသော ကျေးရွာအုပ်စု (၁၅)ရွာ ပြောင်းရွှေ့ အိမ်ထောင်စု (၂၅၉)စုတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး ကမ်းပါးပြိုခြင်းကြောင့် ကြိုတင်ဖျက်သိမ်း အိမ်ထောင်စု (၈)စုတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ဆောက်ပစ္စည်းဖိုး ငွေ(၈၀၀၀၀၀) နှင့်လူဦးရေပေါင်း (၁၃၇၈)ဦးတွက်ဆန်ရိက္ခာဖိုးငွေ (၂၈၉၃၈၀၀)ကျပ်တိတိအား (၃၁.၇.၂၀၁၇)နေ့ မော်လိုက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ အုပ်ချုပ်ရေးမှူးများ အစည်းအဝေး တွင် ဘေးသင့်ပြည်သူများထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။Source:မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း ဒါးကမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးယာယီခိုလှုံသည့်နေရာသို့ ပြောင်းရွှေ့ခိုလှုံလျက်ရှိသည့် ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများအား လွှဲပြောင်းထောက်ပံ့ပေးမှုသတင်း
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း ဒါးကမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးယာယီခိုလှုံသည့်နေရာသို့ နေအိမ် (၈၈၇) လုံး၊ အိမ်ထောင်စု (၈၈၇) စုမှ လူဦးရေ ကျား (၁၄၈၅) ဦး၊ မ (၁၆၅၇) ဦး၊ စုစုပေါင်း (၃၁၄၂) ဦး ပြောင်းရွှေ့ခိုလှုံလျက်ရှိရာ အဆိုပါရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၆၅၉၈၂၀၀) ကျပ်တိတိအား (၃၁-၇-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၇)နေ့တွင် တန့်ယန်းမြို့နယ် မိုင်းပတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ပြည်သူလူထုဆရာ ဆရာမ ကျောင်းသူကျောင်းသားအင်အား (၄၅၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၇)နေ့တွင် မုဒုံမြို့နယ်၊ မြို့မ (၁) ရပ်ကွက်တွင် ရေခဲသေတ္တာအပူလွန်ကဲပြီး မီးလောင်ပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံံး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁)မျိုး (၁)အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ဆန်ဖိုးငွေ (၇) ရက်စာ(၆၃၀၀) စုစုပေါင်း (၂၀၆၃၀၀)တို့အား (၃၁.၇.၂၀၁၇)ရက်နေ့တွင် ထောက်ပ့ံခဲ့ကြောင်းသတင်းရရှိပါသည်။Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကလေးမြို့နယ်၊ တောင်ဦးကျေးရွာ၌ မြစ်သာမြစ်ကမ်းပါးပြိုကျမှှုကြောင့် နေအိမ်ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ တောင်ဦးကျေးရွာ၌ (၂၆-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြစ်သာမြစ်ကမ်းပါးပြိုကျမှှုကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦးတို့သည် နေအိမ်ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရသည့်အတွက် ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၇) ရက်နေ့၊ နံနက် (၁၁း၃၀) နာရီအချိန်တွင် ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ရွှေ့ပြောင်းအိမ်ထောင်စု (၁) စုထံ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့်အတူ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၆၈၀၀) ကျပ် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၇)နေ့တွင် ဘားအံမြို့၊ BAJ လူငယ်စက်မှုလက်မှုသင်တန်းကျောင်း၌ သင်တန်းသား/သူ(၁၀၀)ဦးအားကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့်ပတ်သက်၍သိကောင်းစရာများ ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု နှင့် ကရင်ပြည်နယ်တွင်ဖြစ်လေ့ရှိသော ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး စသော သဘာဝဘေးအန္တရာယ် ဆောင်ရန် / ရှောင်ရန်အချက်များ ကိုဟောပြောခဲ့ပြီးသဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ DAN mobile application အသုံးပြုပုံများဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
နမ့်စန်မြို့နယ်၊ နမ့်မော်ခေါက်ဆင့်ကျေးရွာ မူလွန်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၇) ရက်နေ့၊ ညနေပိုင်းတွင် နမ့်စန်မြို့နယ်၊ နမ့်မော်ခေါက်ဆင့်ကျေးရွာ မူလွန်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ အင်အား (၂၂၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
နမ့်စန်မြို့နယ်၊ ကာလေကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် နမ့်စန်မြို့နယ်၊ ကာလေကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ အင်အား (၂၀၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သံတွဲမြို့နယ်၊ တလင်းဆိပ်ကျေးရွာအုပ်စု၊ တလင်းဆိပ်ကျေးရွာ လေဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
သံတွဲမြို့နယ်၊ တလင်းဆိပ်ကျေးရွာအုပ်စု၊ တလင်းဆိပ်ကျေးရွာ၌ (၂၄-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွွေ (၅၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွွေ (၆၃၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၅၆၃၀၀) ကျပ်တိတိအား ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
