ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း ဒါးကမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးယာယီခိုလှုံသည့်နေရာသို့ ပြောင်းရွှေ့ခိုလှုံလျက်ရှိသည့် ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများအား လွှဲပြောင်းထောက်ပံ့ပေးမှုသတင်း

1_pic01

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း ဒါးကမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးယာယီခိုလှုံသည့်နေရာသို့ နေအိမ် (၈၈၇) လုံး၊ အိမ်ထောင်စု (၈၈၇) စုမှ လူဦးရေ ကျား (၁၄၈၅) ဦး၊ မ (၁၆၅၇) ဦး၊ စုစုပေါင်း (၃၁၄၂) ဦး  ပြောင်းရွှေ့ခိုလှုံလျက်ရှိရာ အဆိုပါရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၆၅၉၈၂၀၀) ကျပ်တိတိအား (၃၁-၇-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events