Author Archives: Thandar Aung
-
သရက်မြို့၌ “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ်(၁/၂၀၁၇)” ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ) နာရီတွင် သရက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ်(၁/၂၀၁၇)” ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနား၌ သရက်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေလင်းက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်စိုးဝင်း (ဦးစီးအရာရှိ) က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ လွှတ်ေ တာ်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသူ သင်တန်းသား စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၁-၉-၂၀၁၇) ရက်နေ့မှ (၁၃-၉-၂၀၁၇) … Read more
-
သပိတ်ကျင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၁၀-၉-၂၀၁၇) ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်ရှိ ရေထွက်ကျေးရွာ၊ ကျောက်ဖြူကျေးရွာ၊ ကမ်းပါးနီကျေးရွာနှင့် လိပ်ကျကျေးရွာတို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ပြိုကျပျက်စီးအိမ်ခြေ (၅၀) အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ တစိတ်တပိုင်းပျက်စီးအိမ်ခြေ (၈၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ရေဘေးသင့်အိမ်ခြေ (၁၃၂) အိမ်ထောင်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၁၀၀၀၀၀) ကျပ်၊ ရေဘေးသင့်လူဦးရေ (၅၄၉) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၁၅၂၉၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၀၂၅၂၉၀၀) ကျပ်နှင့် … Read more
-
နေရပ်စွန့်ခွာလာသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့သည် နေရပ်စွန့်ခွာလာပြီး ၎င်းတို့၏ ဆွေမျိုးများနေအိမ်တွင် ခေတ္တခိုလုံနေသော အိမ်ထောင်စု(၅)စုအတွက် ပလတ်စတစ်စ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စာအား (၈-၉-၂၀၁၇) ရက်နေ့တွင်လည်းကောင်း၊ (၉-၉-၂၀၁၇) ရက်နေ့တွင် အိမ်ထောင်စု(၁)စုလျှင် ဆီ (၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၅၀)ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု(၅)စုစာနှင့် လူဦးရေ(၂၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာတို့ကိုလည်းကောင်း အိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး ကမ်းဆင့်လက်များပရဟိတလှုပ်ရှားမှု လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး အလှူငွေများပေးအပ်မှုသတင်း
၂-၉-၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် (၂၀၁၇) ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့ ညနေပိုင်းတွင် မကွေးဆေးတက္ကသိုလ် အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည့် မကွေးဆေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများပါဝင်သော ကမ်းဆင့်လက်များ ပရဟိတအဖွဲ့၏ ကျေးလက်ကျန်းမာရေးအသိပညာပေးနှင့် ပရဟိတလှုပ်ရှားမှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ယနေ့လူငယ်များကို အနာဂါတ်နိုင်ငံအတွက် လက်ဆင့်ကမ်း အမွေပေးရန်ဖြစ်သဖြင့် ယခုအချိန်ကတည်းက ပြည်သူများ၏လိုအပ်ချက်နှင့် အခက်အခဲများကို သိရှိရန်လိုအပ်ပါကြောင်း၊ မကြာမီ နိုင်ငံ့ဝန်ထမ်းအဖြစ်လည်းတာဝန်ယူ ကြရမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် အရည်အချင်းပြည့်ဝအောင်၊ … Read more
-
မောင်တောခရိုင်အတွင်း အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာပြီး ကျော်တော်မြို့နယ်အတွင်း လာရောက်ခိုလှုံနေသော ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
မောင်တောခရိုင်အတွင်း အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာကာ ကျောက်တော်မြို့နယ် ခိုလှုံရာနေရာ(၇)ခု၌ လာရောက်ခိုလှုံနေသော အိမ်ထောင်စု (၁၀၉) စု၊ လူဦးရေ စုစုပေါင်း (၄၂၈) ဦးအတွက် ဆန်ရိက္ခာ(၃၁)အိတ် (၅)ပြည်၊ ဆီ(၅၄.၅)ပိဿာ၊ ဆား(၂၇.၂၅)ပိဿာ၊ ပဲ(၅၄.၅)ပိဿာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး အိမ်ထောင်စု (၃၁) စုစာအား ကျောက်တော်မြို့ရှိ သာသနာ့ဗိမ္မာန် ကာဒီကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ကျောက်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သွားရောက်လွှဲပြောင်းထောက်ပ့ံပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
Monitoring and Evaluation Team ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ Monitoring and Evaluation Team အဖွဲ့သည် လူသားတိုင်းအခြေခံအခွင့်အရေးများကို ဒီမိုကရေစီစံနှုန်းများနှင့်အညီရရှိပြီး လူ့ဂုဏ်သိက္ခာပြည့်ဝစွာ ရပ်တည်နိုင်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များဖြင့် ဆောင်ရွက်ခြင်းနှင့် ထိရောက်သော စီမံခန့်ခွဲမှုစနစ်များဖြင့် သဘာဝဘေးဒဏ်များကို ရင်ဆိုင်တုံ့ပြန်ကြံ့ကြံ့ခံနိုင်သော လူအဖွဲ့အစည်းဖြစ်ပေါ်လာစေရေး မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများ ပွင့်လင်းမြင်သာသော ပူးပေါင်းဆောင်ရွက်မှုဖြစ်စေရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Diakonia၊ DCA၊ IOM၊ ADRA၊ Trocaireနှင့် CVT အဖွဲ့များ၏ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ရပ်ရွာလူထုအဖွဲ့အစည်းများအား ဖွံ့ဖြိုးမှုအကူအညီပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း … Read more
-
အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာလာသော ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
အကြမ်းဖက်ဖြစ်စဉ်ကြောင့် စစ်တွေမြို့ပေါ်ရှိ မဏိရတနာကျောင်းတိုက်၊ သိဒ္ဓိကာရုံကျောင်းတိုက်၊ လမ်းမတော်မြောက်ကျောင်းတိုက်၊ သရက်တောကျောင်းတိုက်နှင့် ဆုတောင်းပြည့်ကျောင်းတိုက်များသို့ နေရပ်စွန့်ခွာပြီး ယာယီလာရောက်ခိုလှုံကြသော အိမ်ထောင်စု (၁၆၆) စု၊ လူဦးရေ (၆၂၂) ဦးတို့အတွက် စားနပ်ရိက္ခာ (၇)ရက်စာ ဆန်(၄၅.၅)အိတ်၊ ဆီ(၁လီတာ) (၁၆၈)ဗူး၊ ဆား(၄၀)ပိဿာ၊ ပဲ(၉၀)ပိဿာနှင့် တာပေါ်လင်(၆×၃၀၀ကိုက်) (၇)လိပ်တို့အား (၂-၉-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကော့ကရိတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရွှေကြက်မင်းဘုရားလမ်းနေ မီးဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
(၃၁-၈-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရွှေကြက်မင်းဘုရားလမ်း အိမ်အမှတ်(၂၃၉) နေ ဦးဝင်းလှိုင်နေအိမ်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငေ ွ(၁၀၅၀၀) ကျပ် စုစုပေါင်း (၂၁၀၅၀၀) ကျပ်တိတိအား (၂-၉-၂၀၁၇) ရက်နေ့တွင် ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူူများသည် … Read more
