Author Archives: Thandar Aung
-
လားရှိုးမြို့ လူမှုဝန်ထမ်းရုံးခန်းမ၌ ပြည်နယ်အဆင့် လူမှုစောင့်ရှောက်ရေးအထောက်အကူပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ပ့ံပိုးလမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Relief International တို့ပူးပေါင်းဆောင်ရွက်သော ပြည်နယ်အဆင့် လူမှုစောင့်ရှောက်ရေးအထောက်အကူပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို လားရှိုးမြို့ လူမှုဝန်ထမ်းရုံးခန်းမ၌ (၁၂-၉-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စား ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်း၊ လူမှု/ကယ်ဆယ်မှ တာဝန်ရှိသူများက လူမှုစောင့်ရှောက်ရေးနှင့် သဘာဝလျော့ပါးရေးလုပ်ငန်းစဉ်များအား ဦးဆောင်ဆွေးနွေးခြင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာများ UN၊ INGOs၊ NGOs၊ CSO အဖွဲ့အစည်းများမှ အပြန်အလှန်သုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အင်အား (၉၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မိုးညှင်းမြို့ စိန်ပထရစ်ဘုရားကျောင်းသို့ နယ်မြေလုံခြုံရေးအရ ရွှေ့ပြောင်းရောက်ရှိလာသော အိမ်ထောင်စုများအတွက် ထောက်ပံံ့မှုသတင်း
(၁၂-၉-၂၀၁၇) ရက်နေ့တွင် မိုးညှင်းမြို့ စိန်ပထရစ်ဘုရားကျောင်းသို့ နယ်မြေလုံခြုံရေးအရ ရွှေ့ပြောင်းရောက်ရှိလာသော IDPs အိမ်ထောင်စု(၁၁)စု၊ လူဦးရေ(၅၂)ဦးတို့အား ကချင်ပြည်နယ်နယ်ဝန်ကြီးချုပ်ခရီးစဉ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူး ဦးဝင်းဇော်ဌေးမှ ကယ်ဆယ်ပစ္စည်းမျိုး(၉)မျိုး(၁၁)စုနှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာ လူဦးရေ(၅၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၀၉၂၀၀)ကျပ်အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ARSA အကြမ်းဖက်ဖြစ်စဉ်ကြောင့် မောင်တောမြို့ ၊ သာသနာ့ဗိမာန်စုရပ်သို့ ခိုလှုံရန်ရောက်ရှိလာသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
မောင်တောမြိ်ု့နယ်အတွင်း ARSA အကြမ်းဖက်ဖြစ်စဉ်ကြောင့် မောင်တောမြို့ ၊ သာသနာ့ဗိမာန်စုရပ်သို့ ခိုလှုံရန်ရောက်ရှိလာသည့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု (၁၀၁) စုအား ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၀၁) အိမ်ထောင်စာအား မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၇) ရက်ေနေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပုဗ္ဗသီရိမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကျည်တောင်ကန်၊ အမှတ်(၄)ရပ်ကွက်၌ လူနေအိမ်(၁)အိမ်နှင့် ဥယျာဉ်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ၌ လူနေအိမ်(၁)အိမ်တို့မှ ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ (၈-၉-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝ) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀ဝ) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၁၁၀,၅၀ဝ) ကျပ်တိတိ အား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
နယ်မြေလုံခြုံရေးအရ ရွှေ့ပြောင်းရောက်ရှိလာသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၁၁-၉-၂၀၁၇) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန့်မွန်းကျေးရွာ နှစ်ခြင်းဘုရားကျောင်း၌ နယ်မြေလုံခြုံရေးအရ ရွှေ့ပြောင်းရောက်ရှိလာသော IDPs အိမ်ထောင်စု(၂၀)စု၊ လူဦးရေ(၁၀၅)ဦးတို့အား ကချင်ပြည်နယ်နယ်ဝန်ကြီးချုပ်ခရီးစဉ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူး ဦးဝင်းဇော်ဌေး မှ ကယ်ဆယ်ပစ္စည်း(၉)မျိုး (၂၀)အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာ လူဦးရေ (၁၀၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၂၂၀၅၀၀)ကျပ်အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
“သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ( ဆင့်ပွား ) သင်တန်းအမှတ်စဉ် (၃/၂၀၁၇)” ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၁၇) ရက်နေ့တွင် မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ( ဆင့်ပွား ) သင်တန်းအမှတ်စဉ်(၃/၂၀၁၇)” ကို သင်တန်းသား (၃၁) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို ( ၈-၉-၂၀၁၇ ) မှ ( ၁၀-၉-၂၀၁၇ ) ထိ (၃) ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပုသိမ်မြို့၊ ဘိုကနောင်လမ်းရှိ ကရင်နှစ်ချင်းခရစ်ယာန်ဘုန်းကြီးကျောင်း၌ ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေလျော့ပါးရေးသင်တန်း ဖွင့်လှစ်မှုသတင်း
(၁၁-၉-၂၀၁၇) ရက်နေ့ (၀၉းဝဝ) နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် UN Volunteers တို့ပူးပေါင်း၍ ပုသိမ်မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းလူငယ်များအတွက် ပုသိမ်မြို့၊ ဘိုကနောင်လမ်းရှိ ကရင်နှစ်ချင်းခရစ်ယာန်ဘုန်းကြီးကျောင်း၌ “ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးသင်တန်း” အား ဖွင့်လှစ်ခဲ့ရာ အခမ်းအနားသို့ ပုသိမ်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး၊ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ အဖွဲ့ဝင်များ၊ UN စေတနာ့ဝန်ထမ်းလူငယ်များ၊ စုစုပေါင်း အင်အား (၇၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းသည် (၁၁-၉-၂၀၁၇) … Read more
-
ဖျာပုံမြို့၊ ဇော်ဂျီခန်းမ၌ ဖျာပုံခရိုင် ရပ်ရွာအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်မှုသတင်း
(၁၁-၉-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့့နှင့် ပူးပေါင်း၍ ဖျာပုံမြို့၊ ဇော်ဂျီစာကြည့်တိုက်ခန်းမ၌ ဖျာပုံခရိုင် ရပ်ရွာအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကို ဖွင့်လှစ်ခဲ့ရာ ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ဒေါ်သီသီချို (ဦးစီးအရာရှိ) က ဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်များကို ပို့ချပေးလျက်ရှိပါသည်။ အဆိုပါသင်တန်းသည် (၁၁-၉-၂၀၁၇) မှ (၁၆-၉-၂၀၁၇) ထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစ%
-
ARSA အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မောင်တောမြို့ ၄ မိုင် စုရပ်စခန်းသို့ ပြောင်းရွေ့ခိုလှုံရောက်ရှိလာသည့် ရခိုင်၊ ဒိုင်းနက်၊ မြိုတိုင်းရင်းသား အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း
မောင်တောမြို့နယ်အတွင်း ARSA အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မောင်တောမြို့ ၄ မိုင် စုရပ်စခန်းသို့ ပြောင်းရွေ့ခိုလှုံရောက်ရှိလာသည့် ရခိုင်၊ ဒိုင်းနက်၊ မြိုတိုင်းရင်းသား အိမ်ထောင်စု (၂၁၁) စုအား မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၂၁၁) စုစာအား (၁၁-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၁၁-၉-၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်၌ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၂) အိမ်ထောင်စာ၊ Family kit (၂) ထုပ်၊ ပလပ်စတစ်ရေပုံး (၄) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀) ကျပ်နှင့် ကြိုတင်ဖျက်သိမ်းမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၁၂) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၂၅၂၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း … Read more
