Author Archives: Thandar Aung
-
တောင်ကြီးမြို့နယ် ဘန့်ကွဲကျေးရွာ အထကကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၇) ရက်နေ့၊ ညနေ (၁၃းဝဝ) နာရီအချိန်တွင် တောင်ကြီးမြို့နယ် ဘန့်ကွဲကျေးရွာ အထကကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူ (၅၀၀) ဦးရှိပြီး အဆိုပါတက်ရောက်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာတိုင်းရင်းသားများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း
၂၂-၉-၂၀၁၇ ၊ နေပြည်တော် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲကို (၂၂-၉-၂၀၁၇) ရက်နေ့၊ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဌနှင့် ကောင်စီဝင်များ၊ နေပြည်တော်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဒက္ခိဏခရိုင်၊ ဥတ္တရခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လှူဒါန်းငွေ ကျပ် (၄,၀၆၀,၀၀၀) ကို နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းကလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ … Read more
-
တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာ အထကကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၇) ရက်နေ့၊ နံနက် (၁၀းဝဝ) နာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာ အထကကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပြီး တက်ရောက်လာသူများထံ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်သူ (၇၀၀) ဦးရှိကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဖျာပုံနှင့် အမာမြို့နယ်တို့မှ ရေလုပ်သား (၃) ဦးအား သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံမှုသတင်း
ဖျာပုံနှင့် အမာမြို့နယ်တို့မှ ရေလုပ်သား (၃) ဦးသည် (၁၇-၉-၂၀၁၇) ရက်နေ့တွင် မုန်တိုင်းမိပြီး ဖောင်ကြိုးပြတ်၍ ပင်လယ်တွင် မျောနေစဉ် ရေတပ်လှည့်ကင်းသင်္ဘောမှ (၁၉-၇-၂၀၁၇) ရက်နေ့တွင် ကယ်တင်ခဲ့ပြီး (၂၀-၉-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ရန်ကုန်မြို့ရေတပ်ဌာနချုပ်၌ အဆိုပါရေမျောလုပ်သား (၃) ဦးအား လွှဲပြောင်းလက်ခံခေါ်ဆောင်လာခဲ့ပါသည်။ ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများ၊ ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့၊ ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံခြင်းများကို (၂၀-၉-၂၀၁၇) ရက်နေ့၊ ည(၀၉း၃၀) နာရီအချိန်တွင်လွှဲပြောင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။ Source: … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ဒုတိယအကြိမ်အစည်းအေ၀းကျင်းပပြုလုပ်မှုသတင်း
၂၁.၉.၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ဒုတိယအကြိမ်အစည်းအေ၀းကို ကော်မတီဥက္ကဌဦးဆောင်၍ (၂၁-၉-၂၀၁၇)နေ့ မွန်းလွဲ(၃)နာရီတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အစည်း အေ၀းခန်းမတွင် ကျင်းပရာ ကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီ၀င်များ တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပထမအကြိမ် အစည်းအေ၀းတွင် ဆွေးနွေးခဲ့သည့် ဆွေးနွေးချက်များအတိုင်း နှစ်ပတ်အတွင်း ဝန်ကြီးဌာနအလိုက် ဦးစားပေးစီမံချက်များ ပေါ်ပေါက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် … Read more
-
တာချီလိတ်မြို့နယ်၊ အ.ထ.က ဆန်ဆိုင်း (က) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၁၇) ရက်နေ့၊ (၁၃းဝဝ) နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ အ.ထ.က ဆန်ဆိုင်း (က) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြာပွဲ၌ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက မြန််မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရန်ရှောင်ရန်များနှင့် ဦးစီးဌာန၏လုပ်ငန်းတာဝန်များရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သရုပ်ပြလေ့ကျင့်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ လူဦးရေ (၃၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးမြို့နယ်၊ ညောင်ပင်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ညောင်ပင်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၂၀-၉-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၁၈၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးမကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန််များကို ရှင်းလင်းဟောပြောခြင်း၊ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုုံး(ကဆရ)
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ညှိနှိုင်း အစည်းအဝေးကျင်းပမှုသတင်း
စစ်တွေ စက်တင်ဘာ ၂၀ ရခိုင်ပြည်နယ်ဆိုင်ရာ အကြုံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း အစည်းအဝေးကို ပြည်နယ်အစိုးရ ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ (၂၀-၉-၂၀၁၇) ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲတွင် ကျင်းပသည်။ အဆိုပါအစည်းအဝေးတွင် ကော်မတီပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီအနေဖြင့် မြေပြင် သွားရောက်ကြည့်ရှု လေ့လာခဲ့မှုအပေါ် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ စိတ်ခံစားမှုနှင့် … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့ဝင်များ မောင်တောဒေသ မြေပြင်ကွင်းဆင်းကြည့်ရှုမှုသတင်း
စစ်တွေ၊ စက်တင်ဘာ ၂၀ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီပူးတွဲ ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ကော်မတီအဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်များနှင့်အတူ မောင်တောဒေသ ဘက်ပေါင်းစုံပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် စက်တင်ဘာ ၁၉ ရက် နံနက်က စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ အမြန်ရေယာဉ်ဖြင့် သွားရောက်ကြသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းဝင်းစုရပ်၌ နေရပ် စွန့်ခွာပြည်သူများနှင့်တွေ့ဆုံပြီး အားပေးစကားများပြောကြားကာ စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြ သည်။ ဆက်လက်ပြီး ကော်မတီပူးတွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ် … Read more
