ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲကို (၂၂-၉-၂၀၁၇) ရက်နေ့၊ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဌနှင့် ကောင်စီဝင်များ၊ နေပြည်တော်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဒက္ခိဏခရိုင်၊ ဥတ္တရခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လှူဒါန်းငွေ ကျပ် (၄,၀၆၀,၀၀၀) ကို နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းကလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ “မျှဝေခြင်း” အစီအစဉ်အရ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက လှူဒါန်းငွေ ကျပ် (၁,၀၀၀,၀၀၀) ကိုတာဝန်ရှိသူများကလည်းကောင်း ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။