Author Archives: Thandar Aung

  • လောင်းလုံးမြို့နယ် အ.ထ.က ပန်းဒလဲ၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    ================================================ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၇-၁၁-၂၀၁၇) ရက်နေ့တွင် လောင်းလုံးမြို့နယ် အ.ထ.က ပန်းဒလဲ၌ ကျောင်းသားကျောင်းသူ အင်အား (၃၀၀) ကျော်အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ဗလာစာအုပ်နှင့် ဘောပင်များဝေငှခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  • မိုင်းဖြတ်မြို့နယ် နမ့်ယွန်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ================================================= Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) မှ ဝန်ထမ်းများသည် မိုင်းဖြတ်မြို့နယ် ဌာနဆိုင်ရာများနှင့်ပူပေါင်း၍ (၂၆-၁၁-၂၀၁၇) ရက်နေ့၊ နံနက် (၁၀းဝဝ) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ် နမ့်ယွန်းကျေးရွာ၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ကျေးရွာသူ/သား (၁၀၀) ဦးတတ်ရောက်ခဲ့ကြပါသည်။ တက်ရောက်သူများထံ တာဝန်ရှိသူများက လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

  • လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်၌ မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပပြုလုပ်မှုသတင်း

    ==================================================== ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်၌ မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေး လုပ်ငန်းဆိုင်ရာပြခန်း ခင်းကျင်းပြသမှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနတွင်(၂၅-၁၁-၂၀၁၇) ရက်နေ့၊ နေ့လည် (၂း၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။ မွေးကင်းစကလေးငယ်များစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း နေပြည်တော်၌ နည်းပြသင်တန်းကို (၃) ရက်ကြာအောင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းနှင့်ပတ်သက်ပြီး ဟောပြောပွဲများကို ကချင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ကျင်းပခဲ့ပြီးဖြစ်ပါသည်။ … Read more

  • UEHRD ပြည်ထောင်စုစီမံကိန်းလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု စေတနာ့ဝန်ထမ်းလူငယ်များ ဆက်လက်ပါဝင်ဆောင်ရွက်မည်

    ================================================= ၂၅-၁၁-၂၀၁၇၊ ရန်ကုန် ================================================= ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း (UEHRD) လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်မည့်စေတနာ့ဝန်ထမ်း လူငယ်များအတွက် ဒုတိယအကြိမ် လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂၅-၁၁-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ သံလွင်လမ်းရှိ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် ကျင်းပပြုလုပ်ရာ UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက် အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေးအတွက် ပထမအသုတ် သွားရောက်ဆောင်ရွက်ခဲ့သူများထံမှ အတွေ့အကြုံသင်ခန်းစာများရယူ၍ ယခု … Read more

  • ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ပ ဉ္စမအကြိမ်အစည်းအ‌ဝေးကျင်းပ

    ================================================= ၂၄-၁၁-၂၀၁၇၊ နေပြည်တော် ================================================= ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ပဥ္စမအကြိမ်အစည်းအ‌ဝေးကို ကော်မတီဥက္ကဌဦးဆောင်၍ (၂၄-၁၁-၂၀၁၇)နေ့ မွန်းလွဲ(၃)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင်ကျင်းပရာ ကော်မတီပူးတွဲဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့်ကော်မတီဝင်များတက်ရောက်ခဲ့ပါသည်။ အစည်းအ‌ဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဥက္ကဌအဖြစ် ဆောင်ရွက်သောရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီကိုဖွဲ့စည်းခဲ့ပြီး ၄င်း၏လက်အောက်တွင် လုပ်ငန်းကော်မတီ(၄)ခုဖြင့် ဆောင်ရွက်ခဲ့ရာတွင် တွေ့ရှိချက်များ၊ အတွေ့အကြုံများအရရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သာမက မြန်မာတစ်နိုင်ငံလုံး၏ … Read more

  • အ.ထ.က (၇) ထားဝယ်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    ================================================= Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၄-၁၁-၂၀၁၇) ရက်နေ့တွင် အ.ထ.က (၇) ထားဝယ်၌ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြော၍ ဘောပင်နှင့်လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events