=================================================
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
=================================================
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ တဲကုန်းကျေးရွာနှင့် သစ်တပ်ကလေးကျေးရွာများ၌ သစ်ပင်ပိ၍ ပြိုလဲကျခဲ့သည့် အိမ် ၂ အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးအား (၂၅-၁၁-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။