====================================================
ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်၌ မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေး လုပ်ငန်းဆိုင်ရာပြခန်း ခင်းကျင်းပြသမှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနတွင်(၂၅-၁၁-၂၀၁၇) ရက်နေ့၊ နေ့လည် (၂း၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။ မွေးကင်းစကလေးငယ်များစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း နေပြည်တော်၌ နည်းပြသင်တန်းကို (၃) ရက်ကြာအောင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းနှင့်ပတ်သက်ပြီး ဟောပြောပွဲများကို ကချင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ ရန်ကုန်တက္ကသိုလ်တွင် ကျင်းပမည့် လူငယ်ဘက်စုံဖွွံ့ဖြိုးရေးပွဲတော်တွင် မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှလျော့ချမှုနှင့်ပတ်သက်၍ ဟောပြောပွဲ၊ ပြပွဲနှင့် ဉာဏ်စမ်းမေးခွန်းများ မေးမြန်း/ဖြေဆိုနိုင်ရေးအတွက် တက်ရောက်လာသူများမှဆွေးနွေးခဲ့ကြပါသည်။
အစည်းအေဝးတွင် မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးလုပ်ငန်းဆိုင်ရာ ပြခန်းများ၊ ပြဇာတ်များအပြင် Role Play များ တက်ဆက်နိုင်ရေးနှင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့များအား ပြခန်းကျင်းပရေးဆပ်ကော်မတီနှင့် ေဟာပြောပွဲ ကျင်းပရေးဆပ်ကော်မတီ (၂) ခုဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်မည့်လုပ်ငန်းအစီအစဥ်များကို အသေးစိတ် ဆွေးနွေးခဲ့ပါသည်။ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးလုပ်ငန်းဆိုင်ရာအဖွဲ့ဝင်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသော ကိုယ်စားလှယ်စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးကို ညနေ (၃း၃၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။