လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖေါ် ဆောင်ရွက်ရေး ကော်မတီမှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

25_pic02

=================================================
၂၄-၁၁-၂၀၁၇၊ နေပြည်တော်

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်အပိုဒ်(၆၀)တွင် ဖေါ်ပြပါရှိသည့် အစိုးရအနေဖြင့် လူ့အဖွဲ့အစည်းများအကြား စေ့စပ်ဆွေးနွေးညှိနှိုင်းပွဲများကို အားပေး ဆောင်ရွက် ပေးသင့်ကြောင်း ဖေါ်ပြချက်ကိုအကောင်အထည်ဖေါ်ဆောင်ရွက်သည့် အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန စုပေါင်းခန်းမ၌ (၂၃-၁၁-၂၀၁၇)ရက်နေ့ ညနေပိုင်းတွင် ကျင်းပခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးမှကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် (၂၂.၁၁.၂၀၁၇) မှ (၂၃.၁၁.၂၀၁၇) ရက်နေ့အထိ (၂)ရက်တာကျင်းပပြုလုပ်ခဲ့သော” Diversity Management in the Age of Globalization” Symposiumတွင် ရှင်းလင်းဆွေးနွေးခဲ့ကြသော ကမ္ဘာအရပ်ရပ်မှ မတူကွဲပြားမှုစီမံခန့်ခွဲရေးလုပ်ငန်းများ၊ အတွေ့အကြုံများနှင့် သင်ခန်းစာများ အားမှတ်သား၍ မိမိတို့ရပ်ရွာဒေသတွင် လိုက်လျောညီထွေရှိစွာ ပြန်လည်အသုံးချနိုင်ရေး၊ ယနေ့ တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်မှ မတူညီသော လူမျိုးများနှင့်အဖွဲ့အစည်းများအား တစုတစည်း တည်းရှိနေခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါကြောင်း၊ လူတစ်ဦးနှင့်တစ်ဦးတူညီမှုရှိနိုင်မည် မဟုတ် ဘဲ ထိုသို့မတူကွဲပြားမှုများ ပေါင်းစု၍အင်အားတစ်ရပ်အဖြစ် ကြိုးစားဖေါ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လူမျိုးစွဲဝါဒစွဲမထားဘဲ အားလုံးပေါင်းစည်း၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွက် UEHRD တည်ထောင်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး အလေးပေးဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူငယ်မူဝါဒအား အတည်ပြုပြီးဖြစ်၍ မူဝါဒ အကောင်အထည်ဖေါ်မှုအဖြစ် မတူညီသော အဖွဲ့အစည်းအသီးသီးမှ စေတနာ့ဝန်ထမ်း လူငယ်များ အား ဖိတ်ခေါ်၍ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့ပေးလျက်ရှိပါ ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်ငြိမ်းချမ်းမှုသည် ဆက်စပ်နေ၍ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီးပွားရေးဆိုင်ရာလုပ်ငန်း အဖွဲ့(၉)ဖွဲ့ကို ဖွဲ့စည်းထားပြီး ဒေသတွင်းလိုအပ်ချက်များ လေ့လာ၍ အကောင်အထည်ဖော်ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ မတူကွဲပြားမှုများအား နားလည်လက်ခံ၍ အကျိုးရှိစွာ ပေါင်းစည်းဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တွေ့ဆုံပွဲ တက်ရောက်လာကြသော သက်လူမျိုး၊ သက္ကမ(ဒိုင်းနက်)လူမျိုး၊ မြိုလူမျိုး၊ ခမီလူမျိုး၊ မရမာကြီးလူမျိုး၊ ဟိန္ဒူဘာသာဝင် ကိုယ်စားလှယ်၊ ကမန် ကိုယ်စားလှယ်၊ အစ္စလာမ် ဘာသာဝင် ကိုယ်စားလှယ်နှင့် ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်တို့က လိုအပ်ချက် များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဝင်များက တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events