=================================================
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကျိန်ချောင်းကျေးရွာအုပ်စု၊ ငသန့်ချောင်းကျေးရွာ၌ (၂၁-၁၁-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၀၀၀၀၀) ကျပ်၊ စုစုပေါင်း လူဦးရေ (၁၀) ဦးစာအတွက် ဆန်ရိက္ခာရန်ပုံငွေ (၂၁၀၀၀) ကျပ် စုစုပေါင်းရန်ပုံငွေ (၃၂၁၀၀၀) ကျပ် (ကျပ်သုံးသိန်းနှစ်သောင်းတစ်ထောင်တိတိ) အား (၂၄-၁၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။