Author Archives: Thandar Aung

  • ဟင်္သာတမြို့နယ်၊ လယ်တီကွင်းရပ်ကွက်၊ သီရိ-၉ လမ်း၌ မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ လူနာ ၂ ဦးတို့အတွက် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

    ================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ဟင်္သာတမြို့နယ်၊ လယ်တီကွင်းရပ်ကွက်၊ သီရိ-၉ လမ်း၌ (၂၉-၁၁-၂၀၁၇) ရက်နေ့ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ လူနာ ၂ ဦးတို့အတွက် တစ်ဦးလျှင်၅၀၀၀၀ နှုန်းဖြင့် ထောက်ပံငွေ ၁၀၀၀၀၀ ကျပ်တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၇) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဟင်္သာတမြို့နယ် ပြည်သူ့ဆေးရုံးကြီးတွင် ဒဏ်ရာရရှိသူ လူနာများထံသို့ သွားရောက်၍ ထောက်ပံ့ကာ အားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရပါသည်။

  • ရခိုင််ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူပူးပေါင်းဆောင်ရွက်ရေး ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေး

    ================================================= ၂၇-၁၁-၂၀၁၇၊ စစ်တွေ ================================================= ရခိုင်ပြည်နယ် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဦးညီပု၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ (၂၇-၁၁-၂၀၁၇) ရက်နေ့၊ နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ရှေးဦးစွာ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌက မိတ်ဆက်အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ကပြောကြားရာတွင် အစိုးရအသစ် စတင်တာဝန်ယူ … Read more

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်လှစ်မှုသတင်း

    ================================================= Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကော့ကရိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၂၇-၁၁-၂၀၁၇) ရက်နေ့မှ (၂၉-၁၁-၂၀၁၇) ရက်နေ့ထိ ဖွင့်လှစ်မည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအား (၂၇-၁၁-၂၀၁၇) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သင်တန်းသား သင်တန်းသူ (၃၀) ဦးအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူ စုစုပေါင်းလူဦးရေ (၈၀) ဦး တက်ရောက်ခဲ့့ပါသည်။ ထို့နောက် ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ကော့ကရိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ … Read more

Sign Up

Upcoming Events