Author Archives: Thandar Aung

  • တောင်ကြီးမြို့နယ်၊ အထက ဖာမွန်းနှင့် အထက(ခွဲ)နားဘောင်တို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အထက ဖာမွန်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၄၀၀) ခန့်အားလည်းကောင်း၊ ညနေပိုင်းတွင် တောင်ကြီးမြို့နယ်၊ အထက(ခွဲ)နားဘောင်၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၅၀၀) ဦးခန့်အားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ငလျင်ဘေး မိုးကြိုးဘေး လေဘေး ရေဘေး မြေပြိုဘေး မီးဘေးတို့နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အသိပညာဗဟုသုတပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းနှင့် အသိပညာပေးဗီနိုင်းများ ကျောင်းသို့ ပေးအပ်ခြင်းများပြုလုပ်ခဲ့ကြောင်း … Read more

  • သရက်မြို့နယ်၊ ရေမျက်ကျေးရွာ၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ================================================= Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ (၁၈-၁-၂၀၁၈) ရက်နေ့တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ ရေမျက်ကျေးရွာ၌ ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဆပ်ပြာမှုန့်ထုပ်၊ လက်ကမ်းစာစောင်နှင့် (ငလျင်၊ မီးဘေး) vinyl ပိုစတာများ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာ ပြည်သူလူထု (၉၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events