ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

18_Pic02

18_Pic03

=============================================================
၁၇-၁-၂၀၁၈

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ၏သတ္တမအကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ခုနှစ် ၊ ဇန်နဝါရီလ (၁၇) ရက်နေ့ (၁၅:၃၀)နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ အစည်း အဝေး ခန်းမတွင်ကျင်းပရာ ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် (၇)ကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး ကော်မတီဖွဲ့စည်းပြီး လေးလပြည့် မြောက်ပြီဖြစ်သောကြောင့် လုပ်ဆောင်ချက်များကို ပြည်သူသို့ အစီရင်ခံတင်ပြရမှာဖြစ်ကြောင်း ၊ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် အကြံပြုချက်ကော်မရှင်တို့၏ အကြံပြုချက်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများ၏ သဘောထားနှင့် ခံစားမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ကော်မတီအကြံပေးအဖွဲ့ကို ပြည်ပပညာရှင် (၅)ဦးနှင့် ပြည်တွင်း ပညာရှင် (၅)ဦး ဖြင့် ဖွဲ့စည်းထားပြီး ကော်မတီ၏ လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အကြံပြုပေးကြမည်ဖြစ်ပါကြောင်း ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ခက်ခဲနှောင့်နှေးမှုများရှိနိုင်သည့်အပေါ် အကြံပေးအဖွဲ့မှ အကြံပြုချက်များနှင့် ချိန်ညှိဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်သည် နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက် ပေးရမည်များကို အကြံပြုထားခြင်းဖြစ်ပြီး မိမိတို့ကော်မတီသည် ထိုအကြံပြုချက်များကို နိုင်ငံတော်ကိုယ်စား ၀န်ကြီးဌာနအလိုက်အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်ထိရောက်သော အကြံဉာဏ် များရယူရမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာမှဖိအားများ ပြင်းထန်များပြားပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းများသည် ရခိုင်ပြည်နယ် တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၊ ဒေသနေ နှစ်ဖက်အဖွဲ့အစည်း သဟဇာတမဖြစ်သော နေရာများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရင်း သဟဇာတဖြစ်သွားနိုင် သည်များရှိသကဲ့သို့ သဟဇာတ ဖြစ်အောင်ဆောင်ရွက်ပြီးမှ လုပ်ငန်းများလုပ်ဆောင်နိုင်သည်များလည်း ရှိနိုင်ပါကြောင်း၊ နှစ်ဖက်လူမှုအဖွဲ့အစည်း များကြား အစွဲအလမ်းများ ၊ မယုံကြည်မှုများ ပြင်းထန် ကြောင်း၊ အကြောက်တရားများလည်းရှိကြောင်း ၊၄င်းအကြောင်းတရားများသည် လုံခြုံမှုနှင့်ဆက်စပ် နေခြင်းကြောင့် လူမှုအဖွဲ့အစည်းနှစ်ခုစလုံး လုံခြုံမှုခံစားရအောင်လုပ်ဆောင်ပေးရန်လိုအပ်ပါကြောင်း၊ အကောင်အထည်ဖော်မှုတိုင်းတွင် လုံခြုံရေးတာဝန်ယူရသော အဖွဲ့အစည်းများနှင့် ညှိနှိုင်းလုပ်ဆောင် ရမည်ဖြစ်ကြောင်း ၊ နိုင်ငံတကာမှ အမြင်များတွင် ရခိုင် တိုင်းရင်းသားများ၏ ခံစားချက်များကို ထည့်သွင်းစဉ်းစားမှုပြုရေး ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း ၊ ကော်မတီ၏ လုပ်ဆောင်ချက်သတင်းစကားများကို ရခိုင်ပြည်နယ်အတွင်းနေထိုင်သူ လူမှုအဖွဲ့အစည်း နှစ်ခုစလုံးသိရန် လိုအပ် ကြောင်း ၊ အဖွဲ့အစည်းများ၏ ခေါင်းဆောင်သူများထဲမှ ပြင်းထန်သောခံစားမှုများ၏ အကျိုးဆက် များကို ကျော်လွှားနိုင်ပြီး သတင်းစကားအား အများသိရှိအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ကော်မတီပူးတွဲဥက္ကဌ ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပုက ဆွေးနွေးရာတွင် လေးလတစ်ကြိမ် ထုတ်ပြန်ပေးရမည့် အစီရင်ခံစာ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဌာနများ အနေဖြင့် အကောင်းဆုံးပြုစုဆောင်ရွက်နိုင်မည်ဟုမျှော်လင့်ပါကြောင်း၊ ပြည်ထောင်စုအဆင့်၊ ပြည်နယ် အဆင့်နှင့် လက်တွေ့ဆောင်ရွက်သည့် အောက်ခြေအဆင့်အထိ လုပ်ငန်းများ အချိတ်အဆက်မိမိ ဆောင်ရွက်လုပ်ဆောင်နိုင်ခြင်းဖြင့် ပိုမိုအောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ကော်မတီ၏ အကြံပြုချက် များအပေါ်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များတွင် အကြံပေးအဖွဲ့၏ အကြံဉာဏ်များဖြင့် ပေါင်းစပ် ဆောင်ရွက်မှုသည် လုပ်ငန်းများအောင်မြင်ရေးအတွက် လွန်စွာအရေးပါပါကြောင်း ၊ အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားပါသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များမှ မိမိတို့ဝန်ကြီး ဌာနအလိုက် အကြံပြုချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများ ၊ ပြည်သူသို့ လေးလ တစ်ကြိမ် အစီရင်ခံစာထုတ်ပြန်ရေးကိစ္စများကို ဆွေးနွေးကြပြီး ကော်မတီဥက္ကဌနှင့် ပူးတွဲဥက္ကဌ တို့က ဖြည့်စွက်ဆွေးနွေးကြပါသည်။

အစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီပူးတွဲဥက္ကဌ ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးညီပု ၊ ကော်မတီ ဒုတိယဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး ၊ ကော်မတီဝင် ၀န်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

Sign Up

Upcoming Events