=================================================
Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၁၈) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သထုံမြို့နယ်၊ အောင်ကန်သာကျေးရွာ၌ ပြည်သူ (၁၅၀) ဦးအားလည်းကောင်း၊ (၁၄း၃၀) နာရီအချိန်တွင် သထုံမြို့နယ်၊ သုံးအိမ်စုကျေးရွာ၌ ပြည်သူ (၈၀) ဦးအားလည်းကောင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။