=================================================
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ (၁၈-၁-၂၀၁၈) ရက်နေ့တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ ရေမျက်ကျေးရွာ၌ ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဆပ်ပြာမှုန့်ထုပ်၊ လက်ကမ်းစာစောင်နှင့် (ငလျင်၊ မီးဘေး) vinyl ပိုစတာများ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာ ပြည်သူလူထု (၉၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။