တောင်ကြီးမြို့နယ်၊ အထက ဖာမွန်းနှင့် အထက(ခွဲ)နားဘောင်တို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

19_Pic01

19_Pic02

=================================================
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
=================================================

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အထက ဖာမွန်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၄၀၀) ခန့်အားလည်းကောင်း၊ ညနေပိုင်းတွင် တောင်ကြီးမြို့နယ်၊ အထက(ခွဲ)နားဘောင်၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၅၀၀) ဦးခန့်အားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ငလျင်ဘေး မိုးကြိုးဘေး လေဘေး ရေဘေး မြေပြိုဘေး မီးဘေးတို့နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အသိပညာဗဟုသုတပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းနှင့် အသိပညာပေးဗီနိုင်းများ ကျောင်းသို့ ပေးအပ်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events