Author Archives: Thandar Aung
-
ရေးမြို့နယ်၊ ကော့လှိုင်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= (၂၂-၁-၂၀၁၈) ရက်နေ့တွင် ရေးမြို့နယ်၊ ကော့လှိုင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၆) လုံးပျက်စီးခဲ့ပြီး လူဦးရေ (၂၇) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၀၀၀၀၀) ကျပ် လူနေအိမ် (၆) လုံးစာ၊ Family Kit (၆) ထုပ်နှင့် ဆန်ဖိုးငွေ … Read more
-
လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= (၂၃-၁-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းရှိ ဘေးသင့်အိမ်ထောင်စု (၁၀၀၇) စု လူဦးရေ (၅၅၉၆) ဦးတို့အတွက် (၂၅၃၄၂၉၀၀ိ/-) တန်ဖိုးရှိ ဆန် (၆၀၀) အိတ်၊ ဆီတစ်လီတာဘူး (၁၀၀၇) ဘူး၊ ကြက်သွန်နီ (၆၀၀) ပိဿာ၊ အာလူး (၆၀၀) ပိဿာ၊ အသားတု (၆၀၀) ပိဿာ၊ ပဲဝါခြမ်း (၆၀၀) ပိဿာ၊ … Read more
-
ကျိုင်းတုံမြို့နယ်၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဘေးနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့၊ (၁၄းဝဝ~၁၅း၃၀) နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး ငလျင်ဘေးနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ ငလျင်လှုပ်ခတ်စဉ် နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြ လိုက်လုပ်စေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်သူ (၄၃၀) ဦးရှိကြောင်း သိရှိရပါသည်။
-
မကွေးမြို့နယ်၊ ကန်သစ်ကျေးရွာ၌ ငလျင်ဘေးနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့တွင် မကွေးမြို့နယ်၊ ကန်သစ်ကျေးရွာ၌ ငလျင်ဘေးနှင့်သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်များ ဝေငှခဲ့ပါသည်။ ဟောပြောပွဲသို့ ကျေးရွာသူ/ကျေးရွာသား (၁၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိသွားသူများ ပြန်လည် လက်ခံရေးအတွက် အဆင်သင့်ဖြစ်မှုအခြေအနေ
================================================= ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူစာချုပ်အရ တစ်ဖက်နိုင်ငံသို့ ထွက်သွားသူများအား စနစ်တကျ စိစစ်လက်ခံရေးလုပ်ငန်းများကို မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်လျက်ရှိရာ (၂၃-၁-၂၀၁၈) နေ့တွင် ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါသည်။ ကုန်းလမ်းဖြင့် ပြန်လည်၀င်ရောက်လာသူများအား တောင်ပြိုလက်၀ဲလက်ခံရေးစခန်းတွင် လည်းကောင်း၊ ရေလမ်းဖြင့် ပြန်လည်၀င်ရောက်လာသူများအား ငါးခူရလက်ခံရေးစခန်းတွင် လည်းကောင်း ပြန်လည်လက်ခံမည်ဖြစ်ပါသည်။ ထိုသို့လက်ခံရာတွင် သဘောတူစာချုပ်အရ ကနဦးအနေဖြင့် စခန်းတစ်ခု၌ တစ်ရက်လျှင် လူဦးရေ (၁၅၀) ဦးစီဖြင့် စခန်း(၂)ခုအတွက် တစ်ရက်လျှင် စုစုပေါင်း (၃၀၀) ဦးလက်ခံမည်ဖြစ်ပြီး တစ်ပတ်လှျင် (၅) ရက်လက်ခံသွားမည်ဖြစ်ပါသည်။ နောက်ပိုင်းတွင် ပြန်လည်လက်ခံမည့် … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတို့ တွေ့ဆုံမှုသတင်း
================================================= နေပြည်တော်၊ ဇန်နဝါရီ ၂၃—————–ထိုင်းနိုင်ငံ အငြိမ်းစားဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prof. Dr Surakiart Sathirathai ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတို့၏ တွေ့ဆုံဆွေးနွေးပွဲကို (၂၃-၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဦးသောင်းထွန်း၊ … Read more
-
လပွတ္တာမြို့နယ်၊ လပွတ္တလုပ်တောင် ကျေးရွာအုပ်စု၊ ကန်ဘလာကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင် ့ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ လပွတ္တလုပ်တောင် ကျေးရွာအုပ်စု၊ ကန်ဘလာကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ (၅၀) ဦးခန့်အား ငလျင် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး နံရံကပ်စာစောင်များနှင့် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
မကွေးမြို့နယ်၊ ဂျုတ်ကုန်းကျေးရွာ၌ ငလျင်ဘေးနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင် ့ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၁၈) ရက်နေ့တွင် မကွေးမြို့နယ်၊ ဂျုတ်ကုန်းကျေးရွာ၌ ငလျင်ဘေးနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ ခေါက်ဆွဲခြောက်များ ဝေငှခဲ့ပါသည်။ ဟောပြောပွဲသို့ ကျေးရွာသူ/ကျေးရွာသား (၁၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
သရက်မြို့နယ်၊ တလပါးကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၁၈) ရက်နေ့တွင် သရက်မြို့နယ်၊ တလပါးကျေးရွာအုပ်စုသို့ သွားရောက်၍ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာပြည်သူလူထု (၁၁၄) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်သူများကို လက်ကမ်းစာစောင်များ၊ မီးဘေးနှင့်ငလျင်ဘေး vinylများ၊ winဆပ်ပြာမှုန့်ထုပ်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
မကွေးမြို့နယ်၊ သမန်းတော(မြောက်)ကျေးရွာ၌ ငလျင်ဘေးနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၁၈) ရက်နေ့တွင် မကွေးမြို့နယ်၊ သမန်းတော(မြောက်)ကျေးရွာ၌ ငလျင်နှင့်သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျေးရွာသူ/ကျေးရွာသား (၁၂၀) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခေါက်များ ဝေငှခဲ့ကြောင်း သိရှိရပါသည်။
