Author Archives: Thandar Aung
-
မံစီ်မြို့နယ် ရေခူးမံခံကျေးရွာရှိ တန်ဖိုးနည်းအိမ်ယာသို့ ပြောင်းရွှေ့သွားသော မိသားစုများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၃၀-၃-၂၀၁၈) ရက်နေ့တွင် မံစီ်မြို့နယ် ရေခူးမံခံကျေးရွာရှိ တန်ဖိုးနည်းအိမ်ယာသို့ ပြောင်းရွှေ့သွားသော မိသားစု (၁၇) စုအတွက် တစ်စုလျှင ်ပဲစဉ်းငုံ ၁ ပိႆာနှုန်းဖြင့် (၁၇) ပိႆာ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ရွှေကျီးနားရပ်ကွက်ရှိ တံခွန်တိုင် IDPs စခန်းမှ ဗန်းမော်နှင့် မိုးမောက်မြို့နယ်များသို့ ပြောင်းရွှေ့ကြမည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ရွှေကျီးနားရပ်ကွက်ရှိ တံခွန်တိုင် IDPs စခန်းမှ ဗန်းမော်နှင့် မိုးမောက်မြို့နယ်များသို့ ပြောင်းရွှေ့ကြမည့် အိမ်ထောင်စု(၂၀)စု၊ လူဦးရေ(၉၅)ဦးတို့အတွက် ထောက်ပံ့ခြင်းအခမ်းအနားအား (၃၀-၃-၂၀၁၈) ရက်နေ့ (၀၉း၀၀)နာရီတွင် တံခွန်တိုင်စခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာ က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြောင်းရွှေ့မည့် မိသားစုများအား တန်ဖိုးကျပ် (၃၆၇၄၀၀၀ိ/-) ရှိ ပစ္စည်း(၃၂)မျိုးပါ Relief Kit (၂၀)စုံနှင့် … Read more
-
ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့ရပ်ကွက် ၅ နှင့် ရပ်ကွက် ၆ တို့တွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့တွင် ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့ရပ်ကွက် ၅ နှင့် ရပ်ကွက် ၆ တို့တွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော နေအိမ်များ ပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာဆောင်ဖြန့်ဝေခြင်းလုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
-
မြန်အောင်မြို့နယ် တယ်ကုန်းအုပ်စုအတွင်း ရေနစ်ကွင်းကျေးရွာရှိ အိမ်ထောင်စုများအတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ် တယ်ကုန်းအုပ်စုအတွင်း ရေနစ်ကွင်းကျေးရွာရှိ အိမ်ထောင်စုများအတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ခိုင်ခံ့မှုအားနည်းသော အိမ်များအား ပြင်ဆင်ပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မြန်အောင်မြို့နယ် မြစ်ကျိုးအုပ်စုအတွင်း လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ကွင်းဆင်းကြည့်၍ စာရင်းကောက်ယူခြင်းနှင့် ပြင်ဆင်ရန် လိုအပ်သော အိမ်ခြေများအတွက် ဝါး၊ ဓနိ၊ သက်ကယ်၊ ထရံများအား ကွင်းဆင်း၍ ဝယ်ယူပေးမှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ် မြစ်ကျိုးအုပ်စုအတွင်း ကျေးရွာပေါင်း (၄) ရွာ အိမ်ထောင်စုပေါင်း (၁၀၀) စုအတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ခိုင်ခံ့မှုအားနည်းသော အိမ်များသို့ ကွင်းဆင်းကြည့်၍ စာရင်းကောက်ယူခြင်းနှင့် ပြင်ဆင်ရန် လိုအပ်သော အိမ်ခြေများအတွက် ဝါး၊ ဓနိ၊ သက်ကယ်၊ ထရံများအား ကွင်းဆင်း၍ ဝယ်ယူပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
-
ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ၌ မုန်တိုင်းအန္တရာယ်နှင့် မိုကြိုးဘေးအန္တရာယ် ဆောင်ရန် ရှောင်ရန်များ ဟောပြောမှုသတင်း
================================================= Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉ – ၃ – ၂၀၁၈) ရက်နေ့တွင် ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ၌ ရွာသူ/ရွာသား (၁၀၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ မုန်တိုင်းအန္တရာယ်နှင့် မိုကြိုးဘေးအန္တရာယ် ဆောင်ရန် ရှောင်ရန်များ ဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေပြီး ရေသန့်ဆေးထုပ်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
-
မြန်အောင်မြို့နယ် တယ်ကုန်းအုပ်စုအတွင်း လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် စာရင်းကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
================================================= Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ် တယ်ကုန်းအုပ်စုအတွင်း ကျေးရွာပေါင်း (၇) ရွာ အိမ်ထောင်စုပေါင်း (၂၀၀) စုအတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ခိုင်ခံ့မှုအားနည်းသော အိမ်များသို့ ကွင်းဆင်းကြည့်၍ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
ကလေးမြို့နယ်၊ တောင်းဦးကျေးရွာအုပ်စု၊ ပြင်သာကျေးရွာ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီမှ (၁၄း၃၀) နာရီထိ ကလေးမြို့နယ်၊ တောင်းဦးကျေးရွာအုပ်စု၊ ပြင်သာကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး၏နေအိမ်၌ ကျေးရွာသူ/သားများအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူ ၇၅ ဦးခန့်ရှိကြောင်း သိရှိရပါသည်။
-
ကျောက်ဖြူမြို့နယ်၊ ဆင်ဘုတ်ကျေးရွာအုပ်စု၊ စပါးထားကျေးရွာအတွင်း ဆိုလာမီးအိမ်များ ပေးအပ်မှုသတင်း
================================================= Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= (၂၈-၃-၂၀၁၈) ရက်နေ့တွင် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့နယ်၊ ဆင်ဘုတ်ကျေးရွာအုပ်စု၊ စပါးထားကျေးရွာအတွင်း ဆိုလာမီးအိမ် 20watt (၉) လုံးအား သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
-
ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ယာယီ) နှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ယာယီ) ဖွင့်လှစ်မှုသတင်း
================================================= Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ယာယီ)အား (၂၈-၃-၂၀၁၈) ရက်နေ့ နံနက်(၁၀)နာရီတွင် ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနရုံး၌ ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုးမှ တက်ရောက်၍ မြို့နယ်ဦးစီးမှူးရုံးများ ဖွင့်လှစ်ရသည့်အကြောင်းအား အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ မြို့နယ်သဘာဝဘေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ပြီး ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရေများ … Read more
