
=================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ် မြစ်ကျိုးအုပ်စုအတွင်း ကျေးရွာပေါင်း (၄) ရွာ အိမ်ထောင်စုပေါင်း (၁၀၀) စုအတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ခိုင်ခံ့မှုအားနည်းသော အိမ်များသို့ ကွင်းဆင်းကြည့်၍ စာရင်းကောက်ယူခြင်းနှင့် ပြင်ဆင်ရန် လိုအပ်သော အိမ်ခြေများအတွက် ဝါး၊ ဓနိ၊ သက်ကယ်၊ ထရံများအား ကွင်းဆင်း၍ ဝယ်ယူပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။