ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ယာယီ) နှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ယာယီ) ဖွင့်လှစ်မှုသတင်း

28_Pic01 28_Pic02
=================================================
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည်  ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ယာယီ)အား (၂၈-၃-၂၀၁၈) ရက်နေ့ နံနက်(၁၀)နာရီတွင် ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနရုံး၌ ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုးမှ တက်ရောက်၍ မြို့နယ်ဦးစီးမှူးရုံးများ ဖွင့်လှစ်ရသည့်အကြောင်းအား အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ မြို့နယ်သဘာဝဘေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ပြီး ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပက်ဖြန်းဖွင့်လှစ်ခဲ့ပြီး ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ယာယီ)ကိုလည်း (၂၈-၃-၂၀၁၈) ရက်နေ့တွင်ပင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events