
=================================================
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့တွင် ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့ရပ်ကွက် ၅ နှင့် ရပ်ကွက် ၆ တို့တွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော နေအိမ်များ ပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာဆောင်ဖြန့်ဝေခြင်းလုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။