ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ရွှေကျီးနားရပ်ကွက်ရှိ တံခွန်တိုင် IDPs စခန်းမှ ဗန်းမော်နှင့် မိုးမောက်မြို့နယ်များသို့ ပြောင်းရွှေ့ကြမည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

30_Pic01 30_Pic02
=================================================
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ရွှေကျီးနားရပ်ကွက်ရှိ တံခွန်တိုင် IDPs  စခန်းမှ ဗန်းမော်နှင့် မိုးမောက်မြို့နယ်များသို့ ပြောင်းရွှေ့ကြမည့် အိမ်ထောင်စု(၂၀)စု၊ လူဦးရေ(၉၅)ဦးတို့အတွက် ထောက်ပံ့ခြင်းအခမ်းအနားအား (၃၀-၃-၂၀၁၈) ရက်နေ့ (၀၉း၀၀)နာရီတွင် တံခွန်တိုင်စခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာ က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြောင်းရွှေ့မည့် မိသားစုများအား တန်ဖိုးကျပ် (၃၆၇၄၀၀၀ိ/-) ရှိ ပစ္စည်း(၃၂)မျိုးပါ Relief Kit (၂၀)စုံနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ (၂) လစာ၊ တစ်အိမ်ထောင်လျှင် ပြောင်းရွှေ့စရိတ် (၁၀၀၀၀၀ိ/-)နှုန်းဖြင့် ကျပ်သိန်း(၂၀)၊ စုစုပေါင်းတန်ဖိုးကျပ်(၅၆၇၄၀၀၀ိ/-)ရှိ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ၎င်းအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး IDPs မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ လိုအပ်သည့် အကူအညီများအား ပေးသွားမည်ဖြစ်ပါကြောင်းနှင့် IDPs မိသားစုများမှလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events