=================================================
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉ – ၃ – ၂၀၁၈) ရက်နေ့တွင် ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ၌ ရွာသူ/ရွာသား (၁၀၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ မုန်တိုင်းအန္တရာယ်နှင့် မိုကြိုးဘေးအန္တရာယ် ဆောင်ရန် ရှောင်ရန်များ ဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေပြီး ရေသန့်ဆေးထုပ်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။