Author Archives: Thandar Aung
-
ကျောင်းတွင်းအခြေပြု အသိပညာပေးဆွေးနွေးခြင်းနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း
================================================ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် (၄-၁၀-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဘိုကလေးမြို့နယ်၊ အမှတ် (၈) ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကျောင်းသား/သူများကို သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာနက မီးဘေးအကြောင်း ဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးအကြောင်း သိကောင်းစရာများဟောပြောခြင်းနှင့် ကြက်ခြေနီသူနာပြုတပ်ခွဲက ရှေးဦးပြုစုခြင်းများ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ရေမျက်ကျေးရွာအုပ်စု၊ ရေမျက်ကျေးရွာ၌ (၂၉-၉-၂၀၁၈) ရက်နေ့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ပိ၍ အိမ်အမိုးပျက်စီးသွားသော နေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၆၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး(၇)ရက်စာဖိုး (၃၃၆၀၀ိ/-)၊ စုစုပေါင်း(၂၉၃၆၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး အိမ်ထောင်စု(၄)စုတို့အား (၁-၁၀-၂၀၁၈) ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းဆွေ၊ မြို့နယ်သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်တို့နှင့်အတူ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း ရေကာကျေးရွာအုပ်စု၊ ဇီးဖြူတန်းကျေးရွာ၌ (၂၉-၉-၂၀၁၈) ရက်နေ့နှင့် (၁-၁၀-၂၀၁၈) ရက်နေ့တို့တွင် လေဘေးဖြစ်ပွားမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၅၀၀၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၈) အိမ်ထောင်စာ၊ လူဦးရေ (၃၆) ဦးအတွက် ဆန်ဖိုးငွေ (၇၅၆၀၀ိ/-) တို့အား (၂-၁၀-၂၀၁၈) ရက်နေ့၊ … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
================================================ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူး၍ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းအား သင်တန်းသား/သူ (၃၀)ဦးဖြင့် (၂၉-၉-၂၀၁၈) ရက်နေ့မှ (၁-၁၀-၂၀၁၈) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားအား (၁-၁၀-၂၀၁၈) ရက်နေ့ (၁၅း၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်၊ မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငပုတောမြို့နယ် မဲဆန္ဒနယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးသိမ်း၊ ငပုတောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းတို့မှ သင်တန်းဆင်းအမှာစကား တက်ရောက်ပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များချီးမြှင့်ခြင်းနှင့် … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
================================================ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၁၈) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကျောက်ဖြူမြို့နယ်၊ ပညာရေးကောလိပ်အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်း(၃/၂၀၁၈)ကို ဖွင့်လှစ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအခမ်းအနားသို့ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များနှင့် သင်တန်းသား/သူ(၃၀)ဦး၊ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၅-၉-၂၀၁၈) ရက်နေ့မှ (၂၇-၉-၂၀၁၈) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု မြစ်ကျိုးချောင်းကျေးရွာ၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံးမှ အိမ်ထောင်စု (၁)စု လူဦးရေ (၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၈၉၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆၈၉၀၀) ကျပ်ကို (၂၄-၉-၂၀၁၈) ရက်နေ့တွင် … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
============================================ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ============================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပဲမခမ်းကျေးရွာအုပ်စု၌ (၁၅-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ခဲ့သည့် နေအိမ် (၁) လုံးအတွက် တန်ဖိုးသင့်နှုန်းထားဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၈၀၀၀)ကျပ်ကိုလည်းကောင်း၊ ပွတ်စုကျေးရွာအုပ်စု၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်ခဲ့သည့် နေအိမ် (၂) လုံးအတွက် တန်းဖိုးသင့်နှုန်းထားဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၂၀၀၀)ကျပ်ကိုလည်းကောင်း … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းကျေးရွာအုပ်စု ကျေးရွာ ၂ ရွာ၌ (၁၆-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲခဲ့သည့် နေအိမ် ၃ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ် ၊ အိမ်ထောင်စု (၃) စုရှိ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၈၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း … Read more
-
“သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ် (၂/၂၀၁၈)” ဖွင့်လှစ်မှုသတင်း
================================================ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ “သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ် (၂/၂၀၁၈)” ကို (၁၉-၉-၂၀၁၈) ရက်နေ့မှ (၂၁-၉-၂၀၁၈) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီပုသိမ်စုကျေးရွာအုပ်စု၊ မှန်ကူကျေးရွာ၌ (၁၉-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၃)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၃၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဘိုး (၃၉၉၀၀) ကျပ်၊ စုစုပေါင်း (၃၃၉၉၀၀) ကျပ်တိတိအား (၂၁-၉-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
