သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း

2 Pic 01 2 Pic 02 2 Pic 03
================================================
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူး၍ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းအား သင်တန်းသား/သူ (၃၀)ဦးဖြင့် (၂၉-၉-၂၀၁၈) ရက်နေ့မှ (၁-၁၀-၂၀၁၈) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားအား (၁-၁၀-၂၀၁၈) ရက်နေ့ (၁၅း၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်၊ မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငပုတောမြို့နယ် မဲဆန္ဒနယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးသိမ်း၊ ငပုတောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းတို့မှ သင်တန်းဆင်းအမှာစကား တက်ရောက်ပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များချီးမြှင့်ခြင်းနှင့် သင်တန်းအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events