Author Archives: Thandar Aung

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အေးမြသာယာရပ်ကွက်၊ သမိန်ဗရမ်းလမ်း၌ (၂၂-၁၀-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၁)လုံး၊ ၎င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၂၁၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၂၁၀၀) ကျပ်ကို (၂၃-၁၀-၂၀၁၈)ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံပေးခဲ့ကြောင်း သိရှိရပါသည်။

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စုရှိ ကုလားကျွန်းကျေးရွာ၊ ကုလားကျွန်းသောင်တန်းကျေးရွာနှင့် အရှေ့သောင်တန်းကျေးရွာတို့၌ (၂၁-၁၀-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီတွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု(၂၆)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၂၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၁၇၀၀၀ိ/-)နှင့် ဘေးသင့်ပြည်သူ (၁၁၂)ဦးအတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၂၃၅၂၀၀ိ/-) အားလည်းကောင်း၊ ကနစိုးကုန်းကျေးရွာအုပ်စု ရွာမကျေးရွာလေဘေးတွင် … Read more

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မဲလန်ဂေါင်းကျေးရွာ၊ မုသင်ကျေးရွာနှင့် နတ်ကြီးကျေးရွာတို့၌ (၂၀-၁၀-၂၀၁၈) ရက်နေ့တွင် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀၀ိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၃၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၈၅၀၀၀၀ိ/-)၊ အမိုးလန်ခဲ့သည့်ဘုန်းကြီးကျောင်းတစ်ကျောင်းအတွက် ထောက်ပံ့ငွေ(၁၀၀၀၀၀ိ/-)နှင့် လူဦးရေစုစုပေါင်း(၁၉၃)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ(၄၀၅၃၀၀ိ/-)၊ စုစုပေါင်း(၃၃၅၅၃၀၀ိ/-) အားလည်းကောင်း၊ ပြိုကျပျက်စီးခဲ့သည့်လူနေအိမ်(၈)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး အိမ်ထောင်စု(၈)စုစာ၊နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၃၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး အိမ်ထောင်စု(၃၄)စုစာအားလည်းကောင်း (၂၂-၁၀-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်အတွင်း (၂၀-၁၀-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၄၆)လုံးနှင့် ဘုန်းကြီးကျောင်း(၃)ကျောင်း၊ ဗလီ(၁)ကျောင်းအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး အိမ်ထောင်စု(၄၆) စုစာနှင့် ပျက်စီး နေအိမ်(၄၆)လုံးနှင့် ဘုန်းကြီးကျောင်းတို့်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၁၀၀၀၀၀ိ/-) အား (၂၂-၁၀-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

  • လေးမြို့မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးမပြိုကျမီ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအုပ်စု ဥယျာဉ်သာရပ်၌ (၂၀-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေးမြို့မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမည်ဖြစ်သဖြင့် ကမ်းပါးမပြိုကျမီ ကြိုတင်ဖျက်သိမ်း၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသော လူနေအိမ် (၃)လုံး အိမ်ထောင်စု (၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀ိ/-)နှင့် လူဦးရေ (၁၃)ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာ (၂၂)ပြည် (၆)ဘူးတို့အား (၂၂-၁၀-၂၀၁၈) ရက်နေ့တွင် … Read more

  • လေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုများ ဆောင်ရွက်မှုနှင့် လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန် သတိပေးချက်

    ၁။    ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့၌  ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်းငယ်သည် ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်၍ ကပ္ပလီပင်လယ်ပြင်သို့ ရွေ့လျားရာတွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့အား ဖြတ်ကျော်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထူးခြားမိုးလေဝသအခြေအနေ သတင်းထုတ်ပြန်ချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာရုံးများသို့ လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန် အသိပေးမှုများဆောင်ရွက်ခဲ့ပါသည်။ ယင်းကဲ့သို့ ကြိုတင်ခန့်မှန်းချက်အတိုင်း မြန်မာနိုင်ငံကုန်းတွင်းပိုင်းအား ဖြတ်ကျော်၍ ကပ္ပလီပင်လယ်ပြင်သို့ ရွှေ့လျားခဲ့ရာတွင် ဒေသအလိုက်မိုးသက်လေပြင်းကျရောက်ခဲ့မှုကြောင့် မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့၌ အောက်ပါအတိုင်းထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ မြို့သာယာရပ်ကွက်၌ (၁၉-၁၀-၂၀၁၈) ရက်နေ့တွင် အိမ်ရှင် ဒေါ်ထုရော်၏ နေအိမ်ရှိ ရေခဲသေတ္တာဝါယာကြိုးမှတဆင့် မီးလောင်ကျွမ်းမှုကြောင့် အနီးရှိ နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၅) ဦး ဘေးသင့်ခဲ့သည့်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၂)စုစာနှင့် ဆန်ရိက္ခာ(၇)ရက်စာ (၃၁၅၀၀ိ/-)နှင့်အိမ်ဆောက်ပစ္စည်းဖိုး(၂)အိမ်ထောင်စာ(၄၀၀၀၀၀ိ/-)၊ စုစုပေါင်း(၄၃၁၅၀၀ိ/-)ကျပ်နှင့် သွပ် … Read more

  • မိုးကြိုးဘေး ထောက်ပံ့ခြင်း

    ================================================ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာအုပ်စု၊ ကြာအင်းလေးကျေးရွာ၌ (၁၇-၁၀-၂၀၁၈) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်၍ သေဆုံးခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား (၂၁-၁၀-၂၀၁၈) ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာ၌ (၁၉-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၂၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၃)ဦး အတွက် ဆန်ဘိုး(၇)ရက်စာ ထောက်ပံ့ငွေ(၂၇၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂)စုစာတို့အား (၂၀-၁၀-၂၀၁၈) ရက်နေ့၊ နေ့လည်(၁၅း၄၀) နာရီချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events