ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းရှိ ဘောလုံးဝါသနာရှင် ကလေးငယ်နှင့် ရန်ကုန်မြို့ရှိ နားမကြားသော ကလေးငယ်ဘောလုံးသမားများ၊ A Heart for Myanmar မှ ကလေးများ၊ Child labor ကလေးငယ်များနှင့် ရန်ကုန်မြို့ရှိ အခြားကလေးငယ်များအား ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ သင်တန်းပေးခြင်း၊ ပညာရေးအစီအစဉ်ဆောင်ရွက်ပေးခြင်းအစီအစဉ်တို့တွင် ရေသန့်နှင့် POCARI SWEAT များ ထောက်ပံ့ခြင်း

21 Pic 01
================================================
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၀-၂၀၁၈) ရက်နေ့တွင် A Heart for Myanmar Foundation Ltd မှ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းရှိ ဘောလုံးဝါသနာရှင် ကလေးငယ် (၂၀) ဦးတို့အား မြဝတီနယ်စပ်မှတဆင့် ဖိတ်ခေါ်၍ (၂၀-၁၀-၂၀၁၈) ရက်နေ့မှ (၂၂-၁၀-၂၀၁၈) ရက်နေ့ထိ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ သင်တန်းပေးခြင်း၊ ပညာရေးအစီအစဉ်ဆောင်ရွက်ပေးခြင်းအစီအစဉ်နှင့် Fun Game နှင့် Friendly Match များကို ရန်ကုန်မြို့ရှိ နားမကြားသော ကလေးငယ်ဘောလုံးသမားများ၊ A Heart for Myanmar မှ ကလေးများ၊ Child labor ကလေးငယ်များနှင့် ရန်ကုန်မြို့ရှိ အခြားကလေးငယ်များအား ဖိတ်ခေါ်၍ သုဝဏ္ဏဘောလုံးကွင်းတွင် နေထိုင်လေ့ကျင့်ပေးသွားမည့်အစီအစဉ်တို့တွင် ရေသန့်(၆)လုံးပါ (၂၅)ကတ်၊ POCARI SWEAT (၂)ကတ်အား သုဝဏ္ဏမြက်ခင်းတုကွင်းသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events