Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၂/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်း အနားကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့၌ (၁၈-၂-၂၀၁၉) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၂/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးက အမှာစကား ပြောကြားခဲ့ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူ (၅၄) ဦး၊ စုစုပေါင်း (၇၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb2019 Source:         သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ဟင်္သာတမြို့  

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူများ မိခင်ဝိုင်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား အားပေးထောက်ပံ့

    ဖေဖော်ဝါရီ ၁၇၊ မုံရွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် မိခင်ဝိုင်းများအား ထောက်ပံ့မှုများဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ရောင်ခြည်သစ် ပရဟိတမျက်မမြင်ပညာသင်ကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းအုပ်ချုပ်သူ/ အလုပ်အမှုဆောင်ကော်မတီအဖွဲ့ ဝင်များ၊ အခြေခံပညာ၊ ဂီတပညာ၊ အနှိပ်အကြောပြင် ကျောင်းသားများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသားများ၏ ကွန်ပြူတာသင်ကြားတတ် မြောက်မှု၊ အနှိပ်အကြောပြင်ပြသမှု၊ မျက်မမြင်လက်စမ်းစာ အရေး/အဖတ် တတ်မြောက်မှု၊ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၂-၂၀၁၉)ရက်နေ့ (၁၃းဝဝ)နာရီအချိန်မှ (၁၄းဝဝ)နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာတွင် ကျေးရွာသူ/ကျေးရွာသား(၁၅ဝ)ဦးခန့်တို့ကို သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများ ပေးအပ်ခြင်းတို့ပြုလုပ်ခဲ့ရာကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #bgo_feb2019  

  • မွန်ပြည်နယ်၊သထုံမြို့နယ်တွင် စက်ရေတွင်းတူးဖော်ခြင်းနှင့်ရေစင်တည်ဆောက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊သထုံမြို့နယ်တွင် နွေရာသီ သောက်သုံးရေရှားပါးမှုကြုံတွေ့နေရသော သထုံမြို့နယ်၊ နန်းတောင်းကျေးရွာနှင့်ဝင်းပကျေးရွာအုပ်စု၊ ဒညင်းကုန်း ကျေးရွာနေ ပြည်သူများအတွက် စက်ရေတွင်းတူးဖော်ခြင်းနှင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများကို ကျေးရွာ (၁)ရွာလျှင် ထောက်ပံငွေ(၇၈၀၀၀၀ဝိ)စီဖြင့် ဆောင်ရွက်ခဲ့ပြီး (၁၅.၂.၂၀၁၉)ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ ကျေးရွာရပ်မိရပ်ဖများ၊ စက်ရေတွင်းတူးဖော်ရေးကော်မတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #mon_feb2019  

  • ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၉)ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ရန်ကုန်-မြောင်းမြ-လပွတ္တာအဝေးပြေးကားလမ်းမ မီတာ(၄၀၀)အဝေးပြေးကားဝန်းအနီးတွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား လဲလှယ်စိုက်ထူခဲ့ ကြောင်းသတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_feb2019      

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀.၂.၂၀၁၉) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်၊ ပုလဲရတနာလမ်း၌ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ (ဓနိ၊သွပ်မိုး၊ထရံကာ) နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) မှ လူဦးရေ (၃) ဦး သည်လည်းကောင်း၊လှည်းကူးမြို့နယ်၊ ဆင်ဖုံကျေးရွာအုပ်စု၌ ဘုရားစင်အမွေးတိုင်မီးထွန်းရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ (သွပ်မိုး၊ပျဉ်ကာ) နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးသည်လည်းကောင်းဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာအုပ်စု၊ မြိုချောင်း ကျေးရွာ၌ (၄-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာ (၇) ရက်စာ (၁၂) ပြည်၊ (၂) ဗူးတို့အား (၁၄-၂-၂၀၁၉) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ … Read more

  • မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်တောင်ပိုင်း၊  မတူပီမြို့နယ်၊  အမှတ် (၁၄၀) ခြေလျင်တပ်ရင်း၌  (၇-၁-၂၀၁၉) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အဆောက်အဦ အမိုးသွပ်များလန်ခြင်းနှင့် နံရံများပြိုကျခြင်းတို့ ဖြစ်ပွားခဲ့ရာ စစ်သည်/မိသားစုများ  နေထိုင်သွားလာရေးနှင့်  အဆောက်အဦများ   ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရန် ဘိလပ်မြေ (၁) အိတ်လျှင် (၈,၀၀၀/-) ကျပ်နှုန်းဖြင့် (၃၅၀) အိတ်အတွက် စုစုပေါင်းထောက်ပံ့ငွေ (၂,၈၀၀,၀၀၀/-) ကျပ်အား (၁၁-၂-၂၀၁၉) ရက်နေ့တွင် လည်းကောင်း၊ ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)မှ ပခုက္ကူခရိုင်ဦးစီးမှူးရုံးသို့ ပေးပို့သော အလူဇင့်သွပ်(အိန္ဒိယ-၁၀’) (၃၀၀) ချပ်အား … Read more

  • သဘာဝလျော့ပါးရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၂-၂၀၁၉) ရက်နေ့တွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ၌ သဘာဝလျော့ပါးရေး အသိပညာပေးဆွေးနွေး ပွဲကျင်းပ ပြုလုပ်ခဲ့ရာ ပြည်သူ (၁၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ် များနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင် (မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေး၊ မိုးခေါင်ရေရှားဘေး) (၈) မျိုးအား ဖြန့်ဝေခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာရှိပြည်သူများ သဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ … Read more

  • သင်္ဘောနစ်မြုပ်မှုကြောင့် ဘေးသင့်သေဆုံးသူများ၏ မိသားစုဝင်များထံသို့ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၂-၂၀၁၉) ရက်နေ့၊ (၀၄:၃၀) နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၊ ဇီးတောကျေးရွာအုပ်စု၊ အနောက်မြောက်ဘက် (၅) မိုင်ခန့်အကွာ ပင်လယ်ပြင်အတွင်းရှိမီးပြတိုက်အနီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်ဆိုင်သော ဆင်ပြောင်သင်္ဘော နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ပျောက်ဆုံးသူ (၁၈) ဦးအနက် ပျောက်ဆုံးသူ (၉) ဦး၏ရုပ်အလာင်းကို ဖြစ်ပွားသည့်နေ့မှ (၁၃-၂-၂၀၁၉) ရက်နေ့အတွင်း ရှာဖွေတွေ့ရှိခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးပြည်သူများအတွက် (၁) ဦးလျှင် (၃၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၂,၇၀၀,၀၀၀/-) ကျပ်အား … Read more

Sign Up

Upcoming Events