မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

14 Pic_01 14 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်တောင်ပိုင်း၊  မတူပီမြို့နယ်၊  အမှတ် (၁၄၀) ခြေလျင်တပ်ရင်း၌  (၇-၁-၂၀၁၉) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အဆောက်အဦ အမိုးသွပ်များလန်ခြင်းနှင့် နံရံများပြိုကျခြင်းတို့ ဖြစ်ပွားခဲ့ရာ စစ်သည်/မိသားစုများ  နေထိုင်သွားလာရေးနှင့်  အဆောက်အဦများ   ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရန် ဘိလပ်မြေ (၁) အိတ်လျှင် (၈,၀၀၀/-) ကျပ်နှုန်းဖြင့် (၃၅၀) အိတ်အတွက် စုစုပေါင်းထောက်ပံ့ငွေ (၂,၈၀၀,၀၀၀/-) ကျပ်အား (၁၁-၂-၂၀၁၉) ရက်နေ့တွင် လည်းကောင်း၊

ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)မှ ပခုက္ကူခရိုင်ဦးစီးမှူးရုံးသို့ ပေးပို့သော အလူဇင့်သွပ်(အိန္ဒိယ-၁၀’) (၃၀၀) ချပ်အား (၁၃-၂-၂၀၁၉) ရက်နေ့တွင် ချင်းပြည်နယ်တောင်ပိုင်း၊  မတူပီမြို့နယ်၊  အမှတ်(၁၄၀) ခြေလျင်တပ်ရင်းမှ တပ်ကိုယ်စားလှယ် (၁) ဦးထံသို့လည်းကောင်း လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_otr

#mgy_feb2019

Sign Up

Upcoming Events