လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀.၂.၂၀၁၉) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်၊ ပုလဲရတနာလမ်း၌ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ (ဓနိ၊သွပ်မိုး၊ထရံကာ) နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) မှ လူဦးရေ (၃) ဦး သည်လည်းကောင်း၊လှည်းကူးမြို့နယ်၊ ဆင်ဖုံကျေးရွာအုပ်စု၌ ဘုရားစင်အမွေးတိုင်မီးထွန်းရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ (သွပ်မိုး၊ပျဉ်ကာ) နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးသည်လည်းကောင်းဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စုစာ၊ စောင် (၄) ထည်၊ ဒန်အိုး (၄) လုံးတို့အား (၁၄.၂.၂၀၁၉) ရက်နေ့တွင် လှည်းကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလယ်ဝယ်သို့ ထောက်ပံ့ပေးခဲ့ပါကြောင်းသတင်း ရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_fir
#ygn_feb2019