Author Archives: Department of Disaster Management

  • သံတွဲခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၂-၂၀၁၉)ရက်နေ့ (၁၂း၀၀)နာရီမှ(၁၄း၀၀)နာရီ အထိ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပဒဲဂေါကျေးရွာ မူလတန်းကျောင်းတွင် ကျေးရွာသူ/ကျေးရွာသား (၁၀၀)ဦးခန့်တို့ကို ငလျင်ဘေးအန္တရာယ်/မိုးကြိုးဘေးအန္တရာယ်နှင့်သဘာဝဘေး အန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအားဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke _feb2019

  • ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၂-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီတွင် ပူတာအိုမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ (၁၅၀)ဦးတို့ကို မိမိတို့ဦးစီးဌာ၏လုပ်ငန်းတာဝန်များ၊ ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်/ ရှောင်ရန်အချက်များအားဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗီနှိုင်းပိုစတာများအားဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ) # ar #kcn _feb2019

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးမှတာဝန်ရှိသူများနှင့် အတူ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ၌ (၂၆-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) အချိန်တွင်ဖြစ်ပွားခဲ့သော ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၈,၉၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/- ) ကျပ်၊ … Read more

  • အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၂-၂၀၁၉) ရက်နေ့၊ (၁၉:၀၀) အချိန်တွင် ဘောလခဲမြို့နယ်၊ ကယားပိုင်းရပ်ကွက်၊ မြို့မဗဟိုသာသနာပြုကျောင်းဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ရပ်ရွာပြည်သူ (၁၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_feb2019 Source:         ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)    

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ရွာသစ် ကျေးရွာ၌ (၂၃-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁၀) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၁,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၁,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး(ပလပ်စတစ်ပုံးအပါ) တို့အား (၂၇-၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၁:၃၀) … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကျင်မြို့နယ်၊ အင်္ဂနီကျေးရွာအုပ်စု၊ အင်္ဂနီကျေးရွာ၌ (၂၃-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၆,၈၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (ပလပ်စတစ်ပုံးနှင့် ပြင်ပမှ ဝယ်ယူသော ပစ္စည်း(၃)မျိုးအပါ)နှင့် Family Kit … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကျင်မြို့နယ်၊ သံဆိပ်ကျေးရွာအုပ်စု၊ သံဆိပ် (မင်းလမ်း) ကျေးရွာ၌ (၂၁-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (ပလပ်စတစ်ပုံးနှင့် ပြင်ပမှဝယ်သူသော ပစ္စည်း (၃) … Read more

  • ဖျာပုံမြို့နယ်ကျေးလက်‌ပြည်သူတွေ့ဆုံပွဲ၌ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေလုပ်သားအဖွဲ့ဖွံ့ဖြိုးမှု (FDA) အဖွဲ့နှင်‌့ ဖျာပုံမြို့နယ်ဌာနဆိုင်ရာများနှင်‌့ပူး‌ပေါင်‌း၍ (၂၇-၂-၂၀၁၉) ရက်‌‌နေ့တွင် ဖျာပုံမြို့နယ်၊ ကျုံတာရှမ်‌းကွင်‌း‌ကျေးရွာအုပ်စု၊ ရွာလယ်ဓမ္မာရုံ၌ ကျေးလက်‌ပြည်သူတွေ့ဆုံပွဲအား ကျင်‌းပပြုလုပ်ခဲ့ရာ ဦးစီးဌာန၏‌ဆောင်ရွက်‌‌နေမှုအ‌ခြေအ‌နေများ၊ ယခုရာသီ အချိန်တွင် ဖြစ်‌‌ပေါ်‌နေသည်‌့‌လေပြင်‌း‌ဘေးနှင်‌့ မီး‌ဘေးကာကွယ်‌‌ရေးများနှင့်စပ်လျဉ်း၍ အသိပညာ‌ပေး‌ဟော‌ပြော ခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ‌ကျေးရွာသူ/သား (၁၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာ သူများအားလက်ကမ်‌းစာ‌စောင်များဖြန့်‌ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb2019 Source:         ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)    

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ (၁၁း၃၀) နာရီအချိန်အထိ ဘီးလင်းမြို့နယ်၊ ဗိုလ်တေဇရပ်ကွက်၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်ခဲရာ ကျေးရွာသူ/သားစုစုပေါင်း (၁၀၀) ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲ၌  သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များနှင့် ဗီနိုင်း ပိုစတာများဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_feb2019 Source:         ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)    

Sign Up

Upcoming Events